#Unicode
"နင် ဘယ်သူလည်း ဘာလို့ ငါ့အိမ်ထဲ ရောက်နေတာလည်း "
အိမ်သာထဲက ထွက်လာတဲ့ ကောင်မလေးကို ကြည့်ပြီး Jisoo မေးလိုက်သည်။
"ငါ့အိမ်ငါနေတာ ဘာဖြစ်လို့လည်း "
ကောင်မလေးရဲ့ အဖြေကြောင့် Jisoo မှာ သူမကို လာလိမ်နေတယ်ဆိုတဲ့ အကြည့်နဲ့ ကောင်မလေးကိုကြည့်ပြီး
"ဟ .....လိမ်တာလည်း ကြည့်အုံး ကလေးအကွက်နဲ့ ကဲပါ ထား အိမ်သာတက်ချင်လို့ အိမ်ထဲဝင်တယ်လို့ သဘောထားပြီး ကြေအေးပေးမယ် ထွက်သွားတော့ "
Jisoo ပြောပေမယ့် ကောင်မလေးမှာ လက်ပိုက်ပြီး Jisooကို ကြည့်နေသည်
"တယ် ငါပြောနေတယ်လေ ငါ့အိမ်ထဲကနေ ထွက်သွားတော့လို့ "
"နင့်အိမ် ဟုတ်လား.... ဒီအိမ်ပိုင်ရှင်က ငါဆိုရင်ရော....."
"Hey မဖြစ်နိုင်တာ ."
"ဖြစ်နိုင်တယ် ဆိုရင်ရော "
ကောင်မလေးမှာ မျက်ခုံးပင့်ပြီး Jisooကို မေးလိုက်သည်
"လိမ်တာလည်း ကြည့်လိမ်စမ်းပါဟယ် ဒီအိမ်ပိုင်ရှင်က အဒေါ်ကြီးကို...Miss Kimတဲ့ သူက အခု နယူးဇီလန်မှာ နေနေတာလေ "
"ဟုတ်တယ် သူက ငါ့အမေ ငါက သူ့သမီး Jennie Kimတဲ့ "
Jennie ရဲ့ စကားကြောင့် Jisoo အံ့သြသွားသည်
"Hey ငါပြောတာ ကြားလား ဟိုတစ်ယောက် "
"ဘာလည်း "
"ငါပြောတာ ကြားတယ်မလား ကဲ ဒါဆို အခု အိမ်က ထွက်သွားပေး "
Jennie အမိန့်ပေးတဲ့ လေသံဖြင့် ပြောလိုက်သည်
"ဘာလို့ ထွက်သွားပေးရမှာလည်း မထွက်သွားနိုင်ပါဘူး အိမ်လခ ခြောက်လစာတောင် ထပ်ပေးပြီး စာချုပ်ချုပ်ထားတာကို "
"ဘာ "
"အဲ့တာတောင် မသိဘူးလား ဘယ်လိုဦးနှောက်နဲ့ အရူးပါလိမ့် ကိုယ့်အမေလုပ်ထားတဲ့ အလုပ်တောင်မသိဘဲ လူကို လာနှင်ချနေတယ် "
"ဘာ ဘာပြောတယ် နင်ငါ့ကို အရူးလို့ပြောလိုက်တာလား "
Jennie သူမကို အရူးလို့ပြောလို့ စိတ်တိုပြီး Jisooကို အော်လိုက်သည်
