Part 5

1.4K 183 13
                                    

#Unicode

"Yah Yah. ..နင် ဒါဘာလုပ်တာလည်း "

Jennieကို Jisoo ဆောင့်တွန်ပြီး အော်လိုက်သည်

ကော်ဖီဆိုင်ထဲ လူတွေကလည်း ဝိုင်းကြည့်နေကြလို့ Jisoo ရှက်ပြီး ဆိုင်ထဲကနေ ထွက်လာခဲ့သည်

Jennieမှာ ထွက်သွားတဲ့ Jisooကို ရပ်ကြည့်နေတုံး သူမ သူငယ်ချင်း ဖြစ်သူမှ

"ဘာ ငေးကြည့်နေတာလည်း သူ့နောက် လိုက်သွားလေ...."

"အာ ဟုတ်.... "

Jennie ဟုတ်တစ်လုံးသာ ဖြေပြီး Jisooနောက် ပြေးလိုက်သွားတယ်

"Ash ငါ့ဘာသာငါ အိမ်မှာ Drama ကြည့်နေရမှာ အခုတော့ လျှာရှည်ပြီး ကော်ဖီထွက်သောက်မိတာ ရည်းစားဟောင်းနဲ့တွေ့လို့ တိုင်ပတ်နေသေး ဒီကြားထဲ ဘာအတွေးတွေ တွေးပြီး Jisooကို သွားနမ်းမိမှန်း မသိဘူး shit. ...."

Jennie တစ်ယောက်တည်း ကျိန်ဆဲရင်း Jisooနောက် ပြေးလိုက်သွားသည်

"Yah yah Kim Jisoo "

Jisooရဲ့ လက်ကို Jennie လှမ်းဆွဲလိုက်သည်

"ဘာလို့ ငါ့လက်ကို ဆွဲတာလည်း လွှတ် "

"ငါ ငါ တောင်းပန်ပါတယ် "

Jennie သူမ ပါးစပ်က ရုတ်တရက် တောင်းပန်စကားထွက်သွားလို့ အံ့သြမိသွားသည်

"ဟင် ငါက ဘာလို့ သူ့ကိုတောင်းပန်ရမှာလည်း  နင် တကယ်ရူးနေပြီ Jennie "

"Coffeeဆိုင်မှာ လူတွေအများကြီး ရှိနေတာကို ဘာလို့ ငါ့ကို လာနမ်းရတာလည်း....ငါ့မှာ ရည်းစားရှိတယ်ဆိုတာ မသိဘူးလား "

"အဲ့အတွက်ကြောင့် ငါ တောင်းပန်ပါတယ်လို့ "

"Ash တကယ် စိတ်ပျက်စရာဘဲ နင်နဲ့တွေ့တိုင်း ပြဿနာချည်း..... "

Jisoo စိတ်တိုပြီး ခြေဆောင့်ကာ ပြောလိုက်သည်

"တောင်းပန်ပြီးပြီမို့ သွားတော့မယ်နော် "

"ဟယ်.... နင်က ဝတ္တရားအရ လာတောင်းပန်တာလား "

Jisoo ရဲ့ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားပြီး

"ငါ မှားမှန်းသိလို့ လာတောင်းပန်ပြီးပြီလေ နင်က မကျေနပ်သေးဘူးလား မကျေနပ်လည်း နေ ငါ သွားစရာရှိတယ် ဒါဘဲ "

JJ's House (ကိုယ်တို့အိမ်ကလေး Or ချစ်စံအိမ်)Opowieści tętniące życiem. Odkryj je teraz