Part 7

1.3K 164 7
                                    

#Unicode

နောက်တစ်နေ့တွင် Jisoo တစ်ယောက် သူ့ရည်းစားနဲ့ လမ်းခွဲတဲ့နေ့က Jennie ကို အော်မိတဲ့အကြောင်း ပြန်တွေးပြီး အားနာနေသည်

အလုပ်က ပြန်ရောက်တော့ Jennie ဧည့်ခန်းထဲ ရုပ်ရှင်ထိုင်ကြည့်နေတာကို တွေ့ရသည်

Jisooလည်း ချောင်းဟန့်ပြီး Jennie ဘေးနား ဝင်ထိုင်လိုက်သည်

Jisooလည်း သူမဘေးနား ဝင်ထိုင်ရော Jennie တစ်ယောက် Jisooကို မျက်စောင်းထိုးကာ ကြည့်နေသည်

"Hi. ..."

"ဘာလည်း "

"Tv အတူတူကြည့်လို့ရမလားလို့ "

Jisoo စကားကြောင့် Jennie မျက်မှောင်ကြုတ်ပြီး

"နင် စိတ်များလွတ်သွားသလား.....ထွက်သွား "

"ဟိုတစ်နေ့က ငါ့ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့ စိတ်လွတ်ပြီး နင့်ကို အော်မိတာ...."

"အဲ့တာ ငါ ဘာလုပ်ရမှာလည်း.....  "

"အော်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်...."

Jennie မှာ Jisooကို စိတ်ဆိုးနေတုံးမို့ ဘာမှ မပြောဘဲ Tvကို ကောက်ပိတ်ကာ သူမအခန်းထဲသို့ သွားလိုက်သည်

ည ဆယ်နာရီထိုးနေပြီ....Joy တစ်ယောက် သူမ အိမ်မှာ ရုပ်ရှင်ကြည့်ရင်း ဗိုက်ထဲက တဂွီဂွီ မြည်သံကြားနေရသည်

"ဗိုက်ဆာလိုက်တာ ဘာရှိလည်းမသိ "

Joy မုန့်လိုက်ရှာပေမယ့် ဘာမုန့်မှ မတွေ့သောကြောင့် မုန့်ဝယ်ဖို့ မုန့်ဆိုင်သို့ ထွက်လာခဲ့သည်

ထို့နောက် ခေါက်ဆွဲပြုတ် မှာပြီး ဆိုင်တွင် ထိုင်စားလေသည်

"Ahh ဆာနေချိန် စားလိုက်ရလို့လားမသိ ဗိုက်ကို ပြည့်နေတာဘဲ "

ထိုစဥ် စတိုးဆိုင်ထဲသို့ အနီရောင်ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် ဝင်လာလေသည်

"ပင်လယ်စာ ခေါက်ဆွဲပြုတ်ပေးပါ "

Joy သူမ ထိုအသံကို ကြားဖူးလို့ မော့ကြည့်သောအခါ Wendy ဖြစ်နေသည်

Wendyကိုလည်း တွေ့ရော တစ်နေ့က Wendyတို့ကို ရိုက်မိတာ ပြန်တွေးမိပြီး အားနာသွားသည်

JJ's House (ကိုယ်တို့အိမ်ကလေး Or ချစ်စံအိမ်)Место, где живут истории. Откройте их для себя