#Unicode
"Jennie ငါ နင့်ကို အရမ်းချစ်တယ် စတွေ့ကတည်းက နင့်ကို ချစ်မိနေတာ.....နင်သိလား "
Jisooမှာ Jennieကို ပြုံးပြီး ပြောလိုက်သည်
"ငါတစ်ယောက်တည်း အဲ့လိုခံစားရတယ်ထင်နေတာ နင်ရောလား "
Jennie ရှက်နေစဥ် Jisooမှာ Jennie မျက်နှာနား တဖြည်းဖြည်းတိုးလာသည်.......
"Yah Jennie.....ဒီနေ့က နင် အိမ်သန့်ရှင်းရေး လုပ်ရမယ့်နေ့လေ ထစမ်း အခု "
Jisoo အသံကြောင့် Jennie လန့်ပြီး အိပ်ရာကနိုးလာသည်
မျက်လုံးဖွင့်ကြည့်တော့ Jisooက ခါးထောက်ပြီး Jennie ကို ရန်လုပ်နေသည်
"ဒါဆိို ခုနက အိမ်မက်မက်တာပေါ့....သောက်ကျိုးနည်း အိမ်မက်ကြီး "
Jennie တစ်ယောက် Jisooနဲ့ရည်းစားဖြစ်တယ်လို့ အိမ်မက်မက်တာကို ပြန်တွေးမိပြီး စိတ်ထဲကျိန်ဆဲနေသည်
"ဒီနေ့ အိမ်သန့်ရှင်းရေး လုပ်မလို့ စောစောနှိုးပေးပါပြောပြီး အိပ်ချင်မူးတူး ဖြစ်နေတုံးလား "
"ထပြီ ထပြီ အဘွားကြီးလို ပွစိပွစိပြောနေတော့တာဘဲ ash "
"မျက်နှာသစ်ပြီး အောက်ဆင်းခဲ့ မနက်စာပြင်ထားတယ် "
Jisoo ပြောပြီး အခန်းထဲက ထွက်သွားသည်
Jennieလည်း မျက်နှာသစ်ပြီးနောက် မနက်စာစားဖို့ အောက်သို့ ဆင်းလာသည်
Jisoo ပြင်ထားတဲ့ မနက်စာကို ကြည့်ပြီး Jennie နှာခေါင်းရှုံ့မိသွားတယ်
"ထပ်ပြီး ခေါက်ဆွဲပြုတ်ဘဲလား"
"မနက်စာ ကူမပြင်ပေးဘဲ အိပ်နေပြီးမှ ချေးများမနေနဲ့ စားစရာရှိတာ စား "
"ကျစ် ခေါက်ဆွဲချည်း စားနေရတာ တစ်ပတ်ရှိပြီ Ommaတို့ကလည်း ဟိုကနေ ပိုက်ဆံမလွှဲပေးသေးဘူး ..."
Jennie မျက်နှာရှုံ့မဲ့ပြီး ပြောလိုက်သည်
"ဘယ်နေ့မှ လွှဲပေးမှာလည်း သူတို့က....သုံးစရာမရှိရင် ငါ့ထဲက ခဏချေးလိုက်လေ... ငါချေးပေးမယ် ပြီးမှ ပြန်ဆပ်ပေါ့ "
"ဟွန်း ခုနကျ ငါ့ကို အပြစ်ပြောနေပြီး ခုမှ လာကောင်းပြနေတယ်"