Part 3

1.5K 197 3
                                        

#Unicode

"ကဲ ဘယ်ကနေ စဖြစ်တာလည်း ရှင်းပြပါအုံး "

ရဲစခန်းတွင် သူမတို့ကို လာခေါ်တဲ့ ရဲ
ရှေ့ Jensooတို့ ထိုင်ပြီး စစ်ဆေးခံနေရသည်

"သူ....."

Jensooတို့ တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုးလိုက်ကြသည်

"Wow နင် တော်တော်သရုပ်ဆောင်ကောင်းတာဘဲ ငါက ငါ့ဘာသာငါ မုန့်ထိုင်စားနေတာကို နင်က လာအော်တာလေ ပြီးကျ ငါ့ကိုလည်း ရိုက်သေးတယ် "

"ဘာ အိမ်သာထဲ နင်မုန့်ထိုင်စားနေတာလား ......နင် တကယ် အလိမ်တော်တာဘဲ "

Jisoo ပြောတော့ Jennie ထိုင်ရာက ထလိုက်သည်

"Yah "

"မင်းတို့ နှစ်ယောက် ရဲစခန်းကိုရောက်နေတယ်ဆိုတာလည်း သတိရအုံး ငါ ထောင်ထဲ ထည့်လိုက်ရမလား ပြော "

"ဒါပေမယ့်.... "

"တော်...တစ်ယောက်ချင်း ရှင်းပြ အရင်ဆုံး Miss Jisoo. ..ဖြစ်သမျှ ပြောပြပါ "

"Chawက မီးဖိုခန်းထဲ ရေသောက်နေတာပါ အဲ့တာကို သူက လာအော်တာ "

"Miss Jisooပြောတာ မှန်လား Miss Jennie "

Jennie ဘာဖြေရမှန်းမသိ ဖြစ်နေစဥ် ရဲစခန်းထဲဝင်လာတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး အရမ်းပျော်သွားတယ်

"Chaeeee "

"Jennie "

"Chaeyoung ဒီကို ဘာလာလုပ်တာလည်း "

"Jaeyoungလေးက သူ့အဖေကို တွေ့ချင်တယ်ဆိုလိို့ chaeက လိုက်ပို့တာပါ "

Chaeyoung ရဲ့ အဖေက အခု Jennie တို့ ရောက်နေတဲ့ ရဲစခန်းရဲ့ စခန်းမှူးပါ ဒါကြောင့်မို့ Jennie အရမ်းပျော်သွားသည် ထို့အပြင် Chaeyoungက တောင်ကိုရီးယားနိုင်ငံရဲ့ အတော်ဆုံးရှေ့နေ ပေါက်စတတ်သစ်စလည်း ဖြစ်နေတော့ Jisooကို နိုင်ကွက်ရပြီလို့ Jennie တွေးပျော်နေသည်

Chaeyoung သူ့မောင်လေးကို သူ့အဖေရုံးခန်းထဲ လိုက်ပို့ပေးပြီး Jennieတို့ဆီ လျှောက်လာသည်

"Jennie နင် ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလည်း "

"ဒီနှစ်ယောက်က အရမ်းဆူညံနေလို့ဆိုပြီး ပတ်ဝန်းကျင်က ဖုန်းဆက်တိုင်လို့ "

JJ's House (ကိုယ်တို့အိမ်ကလေး Or ချစ်စံအိမ်)Donde viven las historias. Descúbrelo ahora