#Unicode
"Ash. ..."
Jennie သက်ပြင်းချပြီး Jisooကို သူမ အခန်းထဲက ကုတင်ပေါ်သို့ တင်ပေးလိုက်သည်
ပြီးတော့ ဘာဆက်လုပ်ရမှန်း Jennie မသိ...သူမ ဘဝမှာ ဘယ်သူ့ကိုမှ ဂရုစိုက်ပေးခြင်း မရှိဖူးပေ
"အပြင်မှာ အရမ်းအေးတာ သိရဲ့လား....အခု နင်ပျော်လား "
Jisoo စကားကြောင့် Jennieမှာ Jisoo အပေါ်စိတ်မကောင်းဖြစ်သွားသည်
"အဲ့လိုဖြစ်သွားဖို့ မရည်ရွယ်ပါဘူး Sorry "
Jennie ခေါင်းငုံ့ပြီး တောင်းပန်စကားပြောလိုက်သည်
Jennie တောင်းပန်လိုက်တော့ Jisoo တစ်ယောက် တစ်ခုခုကို တွေးမိပြီး
"ငါ တောင်းဆိုတာ လုပ်ပေးရင် နင်တောင်းပန်တာကို ငါ လက်ခံမယ် "
"ဘာများလည်း "
"ငါ ဒီမှာဘဲ နေမယ် "
"ဘာ မရပါဘူး "
"ဒါဆို တောင်းပန်တာကို လက်မခံဘူး "
"လက်မခံလည်း နေ ရတယ် သောက်ဂရုမစိုက်ဘူး အခုအိမ်ကထွက်သွား "
"ကျစ် အကြင်နာတရားမရှိတာဘဲ အိမ်လခတွေ အကုန် နင့်အမေကို ပေးလိုက်ပါတယ်ဆို ငါ ဘယ်ပိုက်ဆံနဲ့ အိမ်ထပ်ပြီး ငှားရမှာလည်း "
Jisoo စကားကြောင့် Jennie ခဏငြိမ်သွားပြီး တစ်ခုခုကို တွေးနေသည်
ထို့နောက် Jennie မဲ့ပြုံးပြုံးလိုက်သည်
"Yah နင် ဘာလို့ အဲ့လိုပြုံးနေတာလည်း "
"ဆယ့်ငါးမိနစ်စောင့် ဆယ့်ငါးမိနစ်ကျော်ရင် အောက်ဆင်းလာခဲ့ "
Jennie ပြောပြီး Jisoo အခန်းထဲက ထွက်သွားသည်
Jisoo ဆယ့်ငါးမိနစ်လည်း ပြည့်ရော Jennieပြောတဲ့အတိုင်း အောက်ကိုဆင်းလာသည်
"ကြာလိုက်တာ စောင့်ရတာ အိပ်ပျော်တော့မယ် "
"အိပ်ပျော်တော့ ငါက ဘာလုပ်ရမှာတုံး "
"ဒီမှာ နေမယ်ဆိုရင်တော့ ဒီစည်းကမ်းတွေကို လိုက်နာရမယ် "
Jennie ပြောပြီး စာရွက်ကို Jisooဆီသို့ ပစ်ပေးလိုက်သည်
လိုက်နာရမယ့် စည်းကမ်းများ
![](https://img.wattpad.com/cover/242099045-288-k929157.jpg)