#Unicode
"Ji. ...Jenကို ဘယ်တုံးက စချစ်တာလည်း....."
Jennieမှာ Jisooရဲ့ ရင်ခွင်ထဲကနေ jisooကို မေးခွန်းတွေ ထုတ်နေသည်
"Humm. ....ကြည့်ရတာ Jenလေး သရဲကြောက်ပြီး ငါ့အခန်းထဲလာအိပ်တုံးက အဲ့ညက Jenရဲ့ နောက်ကျောသေးသေးလေး ကြည့်ပြီး ငါ အရမ်း အူတွေယားခဲ့တာ အဲ့မှာ စရင်ခုန်ပြီး ချစ်သွားတာထင်တယ် Jen ကရော "
"အမှန်တိုင်းပြောရရင် ဘယ်ချိန်က စချစ်ခဲ့တယ် ဆိုတာ မသိဘူး ဒါပေမယ့် ပန်းကန်တွေခွဲမိတဲ့အချိန် Jiက မဆူဘဲ စိတ်ပူပေးတော့လေ အဲ့မှာ စိတ်ထဲတစ်မျိုး ဖြစ်သွားပြီး Jiကို ချစ်နေမှန်းသိသွားတာ....."
Jennie စကားကြောင့် Jisoo ရယ်လိုက်သည်
"Haha တွေ့တိုင်းသတ်နေတဲ့ ငါတို့နှစ်ယောက် ချစ်သူတွေ ဖြစ်လာမယ်လို့ ထင်တောင်မထားဘူး "
"အရမ်းမုန်းရင် အရမ်းချစ်သွားလိမ့်မယ်ဆိုတဲ့ စကားပုံလိုနေမယ် "
"ဘာလည်း Jenက ငါ့ကို အရမ်းမုန်းခဲ့တာလား"
Jisoo စိတ်မကောင်းတဲ့ လေသံနဲ့ပြောတော့ Jennie ပြာပြာသလဲ ပြန်ဖြေရှင်းသည်
"အာ မဟုတ်ဘူးလေ Jen က သဘောပြောပြတာပါ အဲ့တုံးက Sooကို မမုန်းပါဘူး နည်းနည်း အမြင်ကတ်ရုံပါ ဟီး "
"ဟားဟား ငါလည်း တူတူပါဘဲ ရဲစခန်းရောက်တုံးကဆို အရမ်း အမြင်ကတ်ခဲ့တာ "
"Borr. ..."
"ဒါပေမယ့် အခုတော့ အရမ်းချစ်နေပါပြီနော် "
Jennieရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းပြီး Jisoo ပြောလိုက်သည်
"ဟွန့် အပိုတွေ.....ချစ်နေတာကို ဖွင့်မပြောဘဲ....ဒီက သဝန်တိုအောင်လုပ်မှ....."
"ငါလည်း ချစ်လား မချစ်လား တွေဝေနေလို့ ဒါပေမယ့် Nayeonကြောင့် အရမ်းသဝန်တိုလာတဲ့အခါကျမှ ချစ်နေတယ်ဆိုတာ သေချာသိသွားတာ......နေပါအုံး အဲ့ Nayeonက ဘယ်သူလည်း ဘယ်ကဇယားတွေလည်း ဖြေပါအုံး "
"Hehe အဲ့တာ ဘယ်ကဇယားမှ မဟုတ်ပါဘူး Jiကို သဝန်တိုစေချင်လို့ Ireneနဲ့ပေါင်းပြီး ရုပ်ရှင်ရိုက်တာ "
"လူဆိုးမလေး "
"အဲ့ဆိုးတာလေးဘဲ ချစ်နေတာမလား "
