Part 8

1.4K 189 7
                                        

#Unicode

Chaeyoung 1990 ခုနစ်လောက်က သီချင်းတွေ ဝယ်ဖို့ ရှေးဟောင်းဂီတတွေရောင်းတဲ့ ဆိုင်ကို ထွက်လာခဲ့သည်

ဆိုင်ရှေ့ ကားရပ်ပြီး ကားပေါ်က ဆင်းစဥ် သူမရဲ့ ရန်သူတော် Lisaကို ဆိုင်ရှေ့မှာ တွေ့ရလေသည်

Lisaက ဆိုင်ထဲ အရင်ဝင်သွားမှာဆိုးလိို့ Chaeyoung အမြန်ဆိုင်ရှေ့ ပြေးသွားပြီး Lisaကို ဝင်တိုက်လိုက်သည်

"Ahhhh "

Lisaမှာ ခြေခေါက်ပြီး လဲကျသွားတော့ Chaeyoung အားနာသွားတယ် 

"ရ ရရဲ့လားရှင့် "

Lisaကို Chaeyoung ဆွဲထူလိုက်တော့ Lisaမှာ သူမကို ဝင်တိုက်တဲ့သူကို တွေ့ပြီး

"ဟာ မင်း မင်း ဘာလည်း ငါ့ကို ဘယ်ချိန်ထိ လိုက်အနိုင်ကျင့်နေမှာလည်းကွာ....မင်းနဲ့တွေ့တိုင်း ငါဘဲ ဒဏ်ရာရနေ.... "

"ဒီလောက်ထိ ဖြစ်သွားဖို့ မရည်ရွယ်ပါဘူး ....."

Lisa စကားကြောင့် Chaeyoung စိတ်မကောင်းဖြစ်သွားသည်

"ဟိုလေ ရှင် ဘာနဲ့လာတာလည်း..... "

"တစ်ယောက်တည်းလာတာ မမြင်ဘူးလား "

Lisa စိတ်မရှည်လို့ Chaeyoung ကို ရန်တွေ့လိုက်သည်

"ကားတွေဘာတွေပါလားလို့ မပါရင် Chae ရှင့်ကို အိမ်ထိ ပြန်လိုက်ပို့ချင်လို့ပါ "

"လမ်းလျှောက်လာတာ အိမ်က ဒီနားလေးတင်.....ရတယ် လိုက်မပို့နဲ့ ငါ့ဘာသာငါ ပြန်မယ်..."

"မရပါဘူး Chaeကြောင့် အခုလို ဖြစ်ရတာ ပြီးတော့ ရှင်က ခြေထောက်ခေါက်သွားတာလေ....လမ်းလျှောက်နိုင်မှာမဟုတ်ဘူး လာပါ Chaeဆီမှာ ကားပါတယ် လိုက်ပို့ပေးပါရစေ ရှင့်ကို အားနာလို့ပါ "

Lisaကို ဇွတ်ဆွဲခေါ်ပြီး ကားပေါ်သို့ တက်ခိုင်းသည်

Lisaလည်း မငြင်းနိုင်တော့ဘဲ Chaeyoung ကို သူမ အိမ်လိပ်စာကို ပြောပြလိုက်သည်

Lisa ကားပေါ်တွင် ကားကို အာရုံစိုက်မောင်းနေတဲ့ Chaeyoung ကို ခိုးကြည့်နေမိသည်

"Lisa shii "

ရုတ်တရက် သူ့နာမည်ထခေါ်တဲ့ Chaeyoung ကြောင့် Lisa လန့်သွားပြီး တစ်ဖက်ကို အမြန်လှည့်သွားသည်

JJ's House (ကိုယ်တို့အိမ်ကလေး Or ချစ်စံအိမ်)Where stories live. Discover now