Chapter two

343 36 4
                                    

                   *Unicode version*

Tin Pov

စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလောက်အောင် အိပ်ရာဘေးစားပွဲပေါ်က ဖုန်းကvibrateသံဆက်တိုက်မြည်နေတယ်။ ဖတ်လက်စစာအုပ်ဘေးချပြီးကောက်ကိုက်လိုက်တယ်။

Line noti တတ်တာပဲ။ မနေ့တနေ့ကပဲဒီကောင်တွေ group chat ဖွဲ့ခဲ့တာ အဲ့ဒါမျိုးတွေကျွန်တော်မကြိုက်ပါဘူး ကျွန်တော်ပုံစံမဟုတ်ဘူး။ သူတို့ပြောနေတဲ့ massage တွေ reply တွေကိုဖတ်ရင်း ဝင်ပြောဖို့စိတ်ကူးလည်းမရှိပါဘူး။ ဒါပေမဲ့ မျက်လုံးထဲဝင်လာတဲ့ တစ်စုံတစ်ခုရှိတယ်။

Ae:
၁ယောက်ယာက် Tin အတ္တနဲ့မာနကိုသွားဆွတာဒါပထမဆုံးပဲ။

Type:
ဟာသပဲ ၊ မရယ်ပဲမနေနိုင်ဘူး။

Techno:
ဒါပေမဲ့ အဲ့Can ဆိုတဲ့ကောင်လေးကချစ်ဖို့မကောင်းဘူးလား?

Pete:
သူကငါတွေ့ဖူးသမျှထဲမှာတော့ သတ္တိအရှိဆုံပဲ။ Tin ကိုသွားထိရဲတယ်။

Ae:
ဟုတ်ပ၊ Tinတော့သူ့ပြိုင်ဘက်တွေပြီပဲ။

ဖတ်နေရင်းမျက်မှောင်တချက်ကြုတ်လိုက်မိတယ်။ ဒီအရူးတွေကတော့မနက်ဖြန်တွေ့မယ်၊ သေဖို့သာပြင်။

Tin:
အပေါက်တွေပိတ်ထားကြ!!!

ချက်ချင်းပဲဖုန်းပိတ်လိုက်ပြီး စားပွဲပေါ်ပြန်ပစ်တင်လိုက်တယ်။ ဆံပင်တစ်ချက်သပ်လိုက်ပြီး ကုတင်ခေါင်းရင်းကိုခေါင်းမှီလိုက်တယ်။အဲ့ကောင်လေးအကြောင်းခေါင်းထဲကကိုမထွက်ဘူး။ Ae ပြောတာမှန်တယ်။ ကိုယ့်ကိုမကြောက်တဲ့သူတစ်ယောက်နဲ့ ပထမဆုံးကြုံဖူးတာပဲ။

အေးစက်စက် ပုံစံနဲ့အကြည့်တွေကြောင့် ချစ်တဲ့သူတွေ မုန်းတဲ့သူတွေလည်းရှိပါတယ်။ တစ်ခြားလူတွေနဲ့ ပတ်သတ်ရတာ သိပ်မကြိုက်ပေမဲ့ အခုပေါင်းနေတဲ့သူငယ်ချင်းတွေကတော့ ချွင်းချက်ပေါ့။ တစ်ခါတစ်လေ နားငြီးပေမဲ့လည်း အဆင်ပြေပါတယ်။ ကိုယ်တွေအုပ်စုက အပြင်မှာထွက်နေတဲ့ rumors တွေလို အုပ်စုဖွဲ့အနိုင်ကျင့်တတ်တာမျိုး မဟုတ်ပါဘူး။ အဲ့ဒီပြဿနာတွေ ဒုက္ခတွေက ကျွန်တော်တို့ကိုလာရှာတာ။ ကျွန်တော်တို့ကပြန်တိုက်ခိုက်ရုံမှတစ်ပါး။ တစ်ခါတစ်လေလည်း ဒီလိုဘဝကို စိတ်ကုန်နေပါပြီ။ နာမည်ကျော်ကြားမှုတွေ ချမ်းသာကြွယ်ဝမှုတွေ ရှိနေပေမဲ့လည်း ကျွန်တော်မပျော်ဘူး။ ကျွန်တော့်ဘဝကို ကျေနပ်မှုမရှိဘူး။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုစွန့်ပယ်ထားတာပဲ မချစ်ကြဘူး ၊ ပိုက်ဆံက သူတို့ကိုအစားမထိုးနိုင်ပါဘူး ၊ ok အဲ့ပိုက်ဆံတွေကြောင့်ကျွန်တော် ဒီလိုကောင််းကောင်းမွန်မွန် နေနိုင်တယ်ဆိုတာ ဟုတ်ပေမဲ့ အဲ့ဒါကတကယ်အရေးမပါပါဘူး။ ပိုက်ဆံက ကျွန်တော့်တစ်ဘဝလုံးရှာနေတဲ့ ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။
... ... ...

Bad Things **TinCan [Completed] (Translate) Where stories live. Discover now