Chapter five

250 29 2
                                    

*Unicode version*

Can Pov

“Oiii  Good” Hallwayမှာ လမ်းလျှောက်နေတဲ့သူ့နောက်ကို ကျွန်တော် အသက်ထွက်မတတ်ပြေးလိုက်ရင်း သူ့ကိုလှမ်းခေါ်လိုက်တယ်။

“Can” သူပြောနေကျအတိုင်း ခံစားချက်မပါတဲ့ မျက်နှာသေကြီးနဲ့ ကျွန်တော့် ပြန်ခေါ်တယ်။

“Good~” သူ့လက်မောင်းပေါ်မှာ ကိုယ့်ခေါင်းကိုမှီရင်း သူ့ကိုလှမ်းဖက်လိုက်တယ်။ “Good ငါနဲ့သွားရအောင်” hallway တလျှောက်ရှိတဲ့လူတွေကိုဂရုမစိုက်ဘဲ ကျွန်တော် ကလေးတစ်ယောက်လို သူ့ကိုနားပူနာဆာလုပ်နေမိတယ်။

“င့ါကိုလွှတ်ဦး Can” သူကျွန်တော်ကိုတွန်းထုတ်ပေမဲ့ ကျွန်တော် ပိုလို့တောင်ချွဲပြလိုက်သေးတယ်။

“ငါမင်းကိုအခုထိစိတ်ဆိုးနေသေးတာနော် Oiii Good” ကျွန်တော်ဆက်ပြီး ငြီးတွားနေသေးတယ်။

“ Ugh Can ဖယ်ပေးပြီး င့ါကို မင်းဘာဖြစ်ချင်တာလဲသာပြော” သူဘာသူ အရှုံးပေးပြီး ကျွန်တော် ပဲနိုင်မယ်ဆိုတာ သိသားပဲ။ သူကိုမလွှတ်ပေးခင် ထပ်ပြီးတင်းကြပ်နေအောင် ဖက်ထားပေးလိုက်တယ်။

Good ကိုဘာလုပ်ခိုင်းရင်ကောင်းမလဲကျွန်တော်ခဏလောက် စဥ်းစားနေတုန်း hmm...

“Can??”

“နေလည်စာ ဝယ်ကျွေးပါလား”

“Can?!!”

“na..  na” အဲ့ဒါအလုပ်ဖြစ်မယ်လို့ထင်တာပဲ။ သူဝယ်ကျွေးအောင်လို့ ကျွန်တော် ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ puppy eyes လေးတောင် လုပ်ပြထားတာ!

“Fine” ပျော်လို့ထခုန်ပြီး သူ့ကိုလှမ်းဖက်မလို့ဟာကို သူကအဖက်မခံဘူး၊ တွန်းထုတ်တယ်။

“Aish မင်းကိုဝယ်ကျွေးဖို့တာဝန် င့ါမှာမရှိပေမဲ့ ငါမင်းကိုမငြင်းနိုင်တာ ဘာကြောင့်မှန်းမသိဘူး” သူတမင်ကျွန်တော်ကြားအောင်ပြောနေပေမဲ့ ဂရုမစိုက်ပဲ တွယ်ကပ်နေလိုက်တယ်။ 

“ဘာလို့လဲ သိလား Good, မင်းက တကယ့်သူငယ်ချင်းကောင်းပဲမို့လို့လေ” သူကိုပြုံးပြရင်းပြောလိုက်တယ်။

Lunch break ရောက်လာတော့ Good ကတိပေးထားတဲ့အတိုင်း မုန့်ဝယ်ကျွေးမှာမို့ ကျွန်တော်တို့ ၂ယောက် Canteen ကိုထွက်လာခဲ့ကြတယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now