Chapter four

247 29 2
                                    

*Unicode version*

Tin Pov

ပါးစပ်ထဲက ဆေးလိပ်ငွေတွေ လေထဲကိုမှုတ်ထုတ်လိုက်တယ်။ သွေးကြောထဲထိစိမ့်၀င်နေတဲ့ alcohol ကြောင့်ပဲလား တညလုံးမိုးတွေရွာနေပေမဲ့ အအေးဓာတ်ကိုလုံးဝမခံစားမိဘူး

ပတ်ဝန်းကျင်တစ်ချက်ကြည့်မိလိုက်တော့ Ae နဲ့ Pete က kiss နေကြတယ်။ ကျွန်တော်တို့ မရှိတဲ့အတိုင်းပဲ။ နှစ်ယာက်တစ်ကမ္ဘာဖြစ်နေကြတယ်။ ကျွန်တော်လိုပဲ သူတို့လည်းမူးနေကြတယ်။ အဲ့အချစ်ငှက်၂ကောင်ကြောင့် ကျွန်တော်သူတို့နဲ့မသောက်ချင်တာ။

"မင်းတို့၂ယောက် အခန်းထဲသွားပြီးဆက်လုပ်ကြ" သူတို့ kiss နေကြလို့ Type ကလည်းဝင်ပြောပြီ။ Ae တို့နှစ်ယာက်က လုပ်နေတာကိုရပ်လိုက်ပြီး ရယ်နေကြတယ်။

"အဲ့အကြံကောင်းသားပဲ" Ae ကသူ့နှုတ်ခမ်းသူလျှာနဲ့သတ်ပြီး Pete နှုတ်ခမ်းတွေကိုလည်း ဝါးစားမတတ်ကြည့်နေတယ်။

"ပုစွန်အခွံနွာကြမလား?" Pete လည်းထပြီး Ae ကိုအပြင်ဘက်ကိုဆွဲခေါ်သွားတော့တယ်။

"ဟျောင်တွ ခဏ.. အပြင်မှာမိုးရွာနေ.... " Type တောင်ပြောလို့မဆုံးသေးဘူး၊ ၂ယာက်ကမိုးရေထဲထွက်သွားကြပြီ။

"သူတို့ပုစွန်သွားဝယ်ကြမလို့လား?" Techno ကအခြေအနေကိုနားမလည်ပဲ ဝင်ပြောတယ်။ "Hay, ငါတို့အတွက်လည်းပိုဝယ်ခဲ့ဦး၊ ပုစွန်တွေ!" Type Techno ခေါင်းကို တစ်ချက်ရိုက်ပစ်လိုက်တယ်။

"idiot, သူတို့ပြန်လာမှာမဟုတ်တော့ဘူး" Type ကအကြောလျော့ရင်းပြောလိုက်တယ်။

ကျွန်တော်လည်း ကိုယ့်ခွက်ကိုယ်မော့ရင်း ဖြစ်သမျှငြိမ်ငြိမ်လေးထိုင်ကြည့်နေလိုက်တယ်။ အခုအခြအနေလေးကို ကျွန်တော်သဘောကျတယ်။ သူတို့နဲ့အတူရှိနေတဲ့ ဒီအချိန်လေးပဲ ပြုံးနိုင်ပျော်နိုင်တာ။

"အမှန်ပဲ Techno, မနက်ဖြန် Pete လမ်းတောင်လျှောက်နိုင်ပါ့မလားပဲ" ကျွန်တော်ရွဲ့ပြီးပြောလိုက်တာပါ။ ဒါပေမဲ့ အမှန်တော့အမှန်ပါပဲ။

သူကျွန်တော်ကို နားမလည်သေးသလို အူကြောင်ကြောင်နဲ့ကြည့်နေတယ်။

"Ae နဲ့ Pete ပြောတဲ့ပုစွန်အခွံနွာတယ်ဆိုတာ sex လုပ်မှာကိုပြောတာ။ နားလည်လား? အဓိပ္ပါယ်က Pete ass ကို Ae တညလုံး Fuck မယ်လို့ပြောတာ" Typeရဲ့ အသေးစိပ် ကွက်ကွက်ကွင်းကွင်း ရှင်းပြမှုကြောင့် သောက်လက်စ အရက်တောင်သီးတယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now