Chapter Twenty One

187 14 2
                                    

*Unicode version*

Can Pov

ဒီလိုနဲ့ တနင်္လာနေ့မနက်ရောက်တဲ့အခါ ကျောင်းသွားဖို့ပြင်ဆင်ရမှာပေမဲ့ မသက်သာသေးတာကြောင့် အတန်းတတ်ဖြစ်သေးမှာ မဟုတ်တဲ့အကြောင်း၊ ခွင့်၂ရက်လောက်တိုင်ပေးဖို့ Good ကို line massage လေးပို့ပြီးပြောထားရတယ်။ ဒီလိုဖြစ်ရတာ တစ်ချက်တော့သဘောကျမိတယ်။ ကျောင်းသွားရမှာပျင်းတဲ့ကျွန်တော် ကျောင်းမသွားရတော့လို့လေ။

"Lay ကျောင်းသွားတော့လေ။ အတန်းနောက်ကျတော့မှာပဲ" သူကျွန်တော့်အခန်းထဲလာပြီး ဘာစားချင်လဲဆိုပြီး ပြင်ဆင်ပေးဖို့မေးနေတာကြောင့်၊ အခုထိ ယူနီဖောင်းလည်းမဝတ်ရသေးဘူး။

"P'Can ကိုဂရုစိုက်ပေးရဦးမှာဆိုတော့ Lay ဒီနေ့ကျောင်းမသွားတာ့ဘူး" Lay လည်းတော်တော်ခေါင်မာတယ်။ ဒါပေမဲ့ ကျွန်တော်ကြောင့် သူအတန်းပျက်တာမျိုး မဖြစ်စေချင်ပါဘူး။

"P' က Lay အကိုတစ်ယောက်အနေနဲ့ ကျောင်းသွားခိုင်းနေတာနော်အခု။ P' ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်ပါတယ်"

အတန်းတတ်ဖို့ သူ့ကိုတော်တာ်လေး ဖျောင်းဖျပြီးတဲ့နောက်ဆုံးမှာ ကျွန်တော်နိုင်သွားခဲ့တယ်။ တစ်ခုခုလိုအပ်တာရှိရင် သူ့ကိုဖုန်းဆက်ပါလို့ Lay ကတော့မှာသွားတယ်။ Lay ကျောင်းသွားမယ်ဆိုမှပဲ ကျွန်တော် စိတ်သက်သာရာရတော့တယ်။ ဘာလို့ဆို သူအဲ့လောက်ထိ ကျွန်တော့်အပေါ် လုပ်ပေးစရာမလိုပါဘူး။ သူ တွေ့ကြုံရင်ဆိုင်ခဲ့ရတာတွေ များတာကြောင့် သူ့ရဲ့ပုံမှန်ဘဝလေးကို အမြန်ဆုံး ပြန်ရောက်စေချင်တယ်။ Lay ကျောင်းကအပြန်လည်း ဂရုစိုက်ပေးပါဦးလို့ Good ကိုစာလှမ်းပို့ထားသေးတယ်။

Lay ထွက်သွားပြီး တစ််နာရီလောက်ကြာပြီးနောက်ပေါ့၊ ကျွန်တော် အိပ်ရာပေါ်မှာပက်လက် မျက်နှာကျက်ကိုပဲ ငေးကြည့်ရင်းကျွန်တော် တကယ်လိုလားတာ ဘာလဲစဥ်းစားခန်းဖွင့်နေတာလည်း တစ်နာရီလောက်ရှိတဲ့အချိန်မှာ...

တံခါးခေါက်သံ ကြားတော့ Lay များအတန်းမတတ်ဘဲ ပြန်လာတာလားလို့ နည်းနည်းတော့ စိတ်တိုသွားတယ်။

"Lay P' တို့ပြောထားပြီးသားလေ။ ဘာလို့ပြန်လာရတာလဲ?" ဆိုပြီး ကိုယ့်ဟာကိုယ်လည်း ကျိန်ဆဲနေမိတယ်။ အိပ်ရာပေါ်ကနေ ဖြေးဖြေချင်း ထပြီး ဖြေးဖြေချင်း ကြိုးစားပြီး မတ်တပ်ထရပ်လိုက်တယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now