Chapter twenty three

140 9 2
                                    

*Unicode version*

Can Pov

မျက်စိတမှိတ်အတွင်း ဘာတွေဖြစ်သွားမှန်း ကိုယ်တိုင်တောင် မသိတော့သလိုပဲ။ ဘာလို့အဲ့လိုပြောလိုက်မိတာလဲ? ဘာလို့ အခု သူနဲ့တွဲမယ်လို့ ကြေငြာလိုက်ရပြန်တာလဲ? မသိတော့ဘူး၊ ရုတ်တရက်ကြီး ပါးစပ်ကနေ အလိုလို အဲ့စကားတွေ ထွက်လာတယ်။ အခုခံစားချက်က နတ်ပြည်၉ထပ်လောက်ကို ရောက်နေသလိုမျိုးနဲ့ ဖြစ်ပျက်ခဲ့တာတွေကိုလည်း တကယ့်အစစ်မဟုတ်သလို ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် မြူမှုန်တစ်စလောက်တောင် မရှက်မိပါဘူး။ ဂုဏ်တောင်ယူသေးတယ်။ ကိုယ့်ကိုယ်ပိုင် ခံစားချက်တွေကို သူအတွက် ဝန်ခံလိုက်နိုင်လို့။ ဘာအတွက်ကြောက်နေရဦးမှာလဲ?

"ကိုယ်ယုံတောင်မယုံနိုင်ဘူး" Tin လက်တွေက ကျွန်တော့်ကျောတစ်လျှောက် ပွတ်သက်နေပြီး ကျွန်တော့်ကို သေချာကြီး စိုက်ကြည့်နေတယ်။ အနေအထားက နှစ်ယောက်သား အခု အိပ်ရာပေါ်မှာ လှဲနေကြတာ။ တစ်နေ့ ဒီလိုမျိုး တစ်ယောက်ယောက်နဲ့ ကျွန်တော့်ကိုယ်ပိုင်အိပ်ရာထဲမှာ ဘေးချင်းကပ်လှဲရမယ်လို့ စိတ်တောင်မကူးဖူးဘူး။ တရားဝင် တွဲကြရအောင်လို့ ပြောပြီးတည်းက ကျွန်တော်တို့ အခုလိုမျိုး အိပ်ရာပေါ်မှာ ပူးကပ်ပြီးဖက်တွယ်နေကြတာ အတော်ကြာပြီ။ ကိုယ့်ကိုကိုယ် ကလေးတစ်ယောက်လို ခံစားရတယ်။ မိဘတွေဆီက အာရုံစိုက်တာခံချင်ပြီး အိပ်မပျော်မချင်း ဖက်ပြီးအသိပ်ခံချင်တဲ့ကလေးလိုမျိုး။

သူ့လိုပါပဲ ကျွန်တော်လည်း မယုံနိုင်သေးဘူး။ သူ့ကိုသတ်ချင်လောက်အောင် မုန်းခဲ့ဖူးပေမဲ့လည်း အခုတော့ အခြအနေအားလုံးက ပြောင်းပြန်။ သူ့ဆီမှာချည်နှောင်ခံမိနေတဲ့ ကျွန်တော် သူ့ကိုဘယ်လိုများ မုန်းနိုင်ပါ့မလဲ။ တခြား သူ့မှာရှိတဲ့ ဒီလိုနူးညံ့တဲ့ စိတ်သဘောထားမျိုးကို ဘာလို့ ကျွန်တော် အစတည်းကမမြင်နိုင်ခဲ့တာလဲ။ Tin အပေါ်မှာ အဲ့လိုစိတ်မျိုးထားခဲ့တဲ့ ကိုယ့်ကိုကိုယ်တောင် မုန်းမိတယ်။ သူ့အပေါ် ပြောခဲ့တဲ့ အမုန်းစကားတွေနဲ့အပြုအမူတွေကို အချိန်တွေသာ ပြန်လှည့်လို့ရနိုင်မယ်ဆိုရင်.....

သူ့ရဲ့ နှာတံသွယ်သွယ်လေးကို ဖွဖွလေးထိညှစ်နေမိတယ်။ အရမ်းချစ်ဖို့ကောင်းလို့ နမ်းပစ်လိုက်ချင်တယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now