Chapter eighteen

184 20 4
                                    

*Unicode version*

Can Pov

ငါသေသွားပြီလား ဘေးပတ်ဝန်းကျင်အားလုံးက ဖြူနေပြီး မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရတဲ့အလင်းရောက်တောက်ပလွန်းတယ်။ လူတွေပြောပြောနေတဲ့ ကောင်းကင်ဘုံဆိုတာ ဒါများလား?

“P'Can နှိုးလာပြီ!!!” နေပါဦး???Champoo???

“P'Can!!!!!!” Lay ကျွန်တော့်ဆီ အသည်းအသန်ပြေးလာပြီး ဖက်တော့တာပဲ။ အဲ့တော့မှပဲ ခုဏက ရူးကြောင်ကြောင်အတွေးတွေ တွေးနေမိမှန်းသိတော့တယ်။

Damn! ဆေးရုံရောက်နေတာပဲ။ ဘာဖြစ်ခဲ့တာလဲ? ဘယ်လိုဖြစ်လို့ ဒီလိုအဆုံးသတ်သွားတာလဲ? နောက်ဆုံး မှတ်မိသလောက်ကတော့ အဲ့ကောင်တွေဆီကနေ အကန်ခံရလို့ လှဲကျနေတာ။ Tin အဲ့ကာင်တွေနဲ့ပြန်တိုက်ခိုက်နေတာလည်း မြင်ခဲ့ပေမဲ့ အဲ့ဒါအိမ်မက်မှန်းသိပါတယ်။

“P'Can Lay ကိုထားခဲ့ပြီထင်တာ” Lay တရှုံ့ရှုံ့နဲ့ ငိုပြီးပြောနေတာ။ သူ့ကိုပြုံးပြပြီး Champoo လိုပဲသူ့ကျောလေးကိုပုတ်ပြီး နှစ်သိမ့်လိုက်တယ်။ Champoo ကအားနာတဲ့အကြည့်မျိုးနဲ့ ပြုံးပြတယ်။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ P' ကအဲ့ကောင်တွေလက်ထဲကနေ Lay ကိုကယ်ခဲ့တာလေ” အခု Lay ကျွန်တော်အပေါ် အကြွေးတစ်ခုတင်သွားပြီမို့ ကြွားဝါပြီးပြောလိုက်တယ်။

“လုပ်မနေပါနဲ့။ P'Can က၃နာရီတိတိ သတိလစ်နေခဲ့တာ” Whatt??

“P' တို့ကို P'Tin ကယ်ခဲ့တာ” Champoo ကဝင်ပြောတော့မှပဲ အံ့သြတကြီးဖြစ်ပြီး ဒါတွေက အိမ်မက်မက်နေတာရော၊ ထင်ယောင်ထင်မှား ဖြစ်နေတာရော မဟုတ်ဘူးပေါ့။

“Champoo ပြောတာမှန်တယ်။ ဒါပေမဲ့လည်း Lay ဘက်ကနေရပ်တည်ပေးခဲ့လို့ P'Can ကိုကျေးဇူးတင်ပါတယ်။ P'တစ်ယောက်တည်း သူတို့အားလုံးကိုမတိုက်ခိုက်နိုင်ဘူးဆိုတာ သိတာတောင် Lay ကိုဝင်ကယ်ပေးလို” Lay ကျွန်တော့်ကိုထပ်ဖက်ပြီးပြောပေမဲ့ မတုံ့ပြန်မိဘူး။ ခဏလောက် ရပ်တန့်သွားမိတယ်။

ဒါဆို အကြွေးတင်နေတဲ့သူက ကိုယ်ကိုယ်တိုင်ပဲပေါ့။

Good Pov

Can တတ်နေတဲ့ဆေးရုံရောက်တာတောင် Dae ကငိုနေတုန်းပဲ။ Lay ကျွန်တော့်ကို massage ပို့ပြီးအားလုံးရှင်းပြပြီးပြီ။ အဲ့သတင်းကြားပြီးချင်းပဲ Dae ကိုဖုန်းဆက်ပြီး အခု Can တတ်နေတဲ့ဆေးရုံရောက်လာတာပဲ။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now