Chapter twelve

201 22 2
                                    

Unicode version

Can Pov

အခုကတော့ ညနေ ၆နာရီ ကျော်နေပြီ။ ကျွန်တော်အိမ်ရှေ့ခန်းက ဆိုဖာခုံပေါ်မှာ စောနကအဖြစ်အပျက်ကိုတွေးပြီး သတိလက်လွတ်ထိုင်နေမိတယ်။ ကိုယ့်နှုတ်ခမ်းကိုယ် ထိမိလိုက်တိုင်း သူ့နှုတ်ခမ်းတွေကို ခံစားမိတုန်း။ သူ့ရဲ့နူးညံ့တဲ့နှုတ်ခမ်းလေး ကိုယ့်နှုတ်ခမ်းကို လာထိမိတုန်းက ခံစားရတဲ့ feeling ကထူးဆန်းတယ်။ WTF! ကျွန်တော် အဲ့ဒါကိုသဘောကျနေတာလား?

“P'Can ဘာဖြစ်နေတာလဲ” Lay ရဲ့ အသံကြားမှအသိဝင်လာပြီး သူ့ကိုကြည့်မိတော့ သူလည်းကျွန်တော့်ကို စိတ်ရှုပ်ဖို့ကောင်းတယ်ဆိုတဲ့ အကြည့်နဲ့ကြည့်ရင်း အရှေ့က ခုံမှာဝင်ထိုင်လိုက်တယ်။

သူ့ကိုပြောပြလို့ရလောက်လား?? မဟုတ်တာ Tin နဲ့နမ်းခဲ့တာ သူသိသွားရင် ငါ့ကိုရွံ့သွားမလားမသိဘူး။

“ဘာမှမဖြစ်ပါဘူး”

“Woah?? P'Can အားပျက်နေတာလား?? တကယ်ရော အဆင်ပြေရဲ့လား? တစ်ခုခုဖြစ်နေတာလား ပြော” ကျွန်တော် သူ့ဆီလျှောက်သွားလိုက်ပြီး ပွေ့ဖက်လိုက်တယ်။

“Hay.. ဘာလို့ဖက်တာလဲ” အခုငိုမိတော့မယ်။ အရမ်းစိတ်တိုနေတာ။ တကယ်စိတ်တိုတယ်။

“Oiii... Lay”

“P'ကိုဘယ်သူရိုက်လွှတ်လိုက်လို့လည်းပြော?” သူကျွန်တော့်ကို နမ်းမယ့်အစား သေလောက်အောင် ရိုက်လိုက်တာကမှ ပိုကောင်းဦးမယ်။ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်တော့လည်း မသိစိတ်ကနေ အဲ့ဒါကို သဘောကျတာကြောင့် ပိုပြီးစိတ်တိုမိတယ်။ AHHHHH CAN, မင်းတကယ်ရူးသွားပြီပဲ။

ကျနေတဲ့မျက်ရည်တွေ အရင်သုတ်ပြီးမှ Lay ကိုဖက်ထားတာလွှတ်လိုက်တယ်။ အားတင်းပြီးပြုံးပြရင်း

“ဘာမှမဖြစ်ပါဘူး၊ Lay ကိုလွမ်းလို့ပါ၊ အဲ့တာကြောင့်” ပြောပြီး ကိုယ့်အခန်းကို မြန်မြန် ထွက်လာခဲ့လိုက်တယ်။ Layကိုဘယ်တော့မှပြောပြမှာမဟုတ်ဘူး။

အခန်းတခါးပိတ်ပြီးတဲ့နောက် လွယ်အိတ်ကိုပစ်ချရင်း တံခါးကိုမှီထားရင်းဖြေးဖြေးချင်းထိုင်ချလိုက်တယ်။ ကိုယ့်နှုတ်ခမ်းကိုယ် လက်နဲ့ခပ်နာနာလေးရိုက်ပြီး “အဲဒါကို မမှတ်မိချင်ဘူး!!! မေ့ပစ်ရအောင် Can!!! အဲ့မှတ်ဉာဏ်တွေဖျက်ပစ်ရအောင် Can!!! Tin... မင်းဘာလို့နမ်းခဲ့တာလဲကွာ!!!”

Bad Things **TinCan [Completed] (Translate) Where stories live. Discover now