Chapter eight

221 25 2
                                    

*Unicode version*

Tin Pov

Type ကTumဆိုတဲ့ သူ့ဝမ်းကွဲညီအကို ဖွင့်ထားတဲ့ Barကိုလာဖို့ ကျွန်တော်ကိုဖိတ်ခဲ့တယ်။ Ae, Pete နဲ့ Techno တို့ကိုလည်းဖိတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတွေက ကိုယ့်ကိစ္စနဲ့ကိုယ့် မအားကြဘူး။ Ae နဲ့ Pete ၂ယောက်ကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ Techno ကဘယ်လိုဖြစ်လို့...? သူ့မှာလုပ်စရာရှိမယ်လို့တော့ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်လည်း သောက်ချင်နေတာကြောင့် လက်ခံဖြစ်လိုက်တာပါ။

“စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုများရှိလို့လား?” အရက်စပ်ရင်းအလုပ်ရှုပ်နေတဲ့ bartender ရဲ့အရှေ့က ခုံတွေမှာ ကျွန်တော်တို့ ထိုင်နေကြတယ်။

ကျွန်တော် Tum ရဲ့ bar လေးကိုကြိုက်ပါတယ်။ လူရှင်းပြီး သီးသန့်နေရာလေးလိုဖြစ်လို့။ အတည်ပေါက်ကြီး မေးနေတဲ့ Type ကိုလှည့်ကြည့်ပြီး မေးမိတယ်။

“လူတစ်ယောက်ကို သဘောကျနေမှန်း ဘယ်လိုသိနိုင်မလဲ?” သူသောက်လက်စတောင်သီးသွားခဲ့တယ်။ ဘာလဲ? ကျွန်တော်မေးတဲ့ထဲမှာ မှားတာပါလို့လား?

“မင်း နောက်ကောင်မလေး တစ်ယောက် တွေ့နေပြန်ပြီလား။ ပြောပါဦး Tinရဲ့ အတည်ကြီးလား?”

“ငါအဲ့လို လူမျိုးမဟုတ်ဘူးဆိုတာ မင်းသိပါတယ်။ ငါသူတို့ကို စိတ်မဝင်စားဘူး” bartender ပေးတဲ့ တစ်ခွက်လုံးကို ပုံမာန်အတိုင်း မော့ချလိုက်တယ်။

“ငါသိပါတယ်၊ မင်းသူတို့ကို ကစားနေတာ။ ဒါပေမဲ့ ဘယ်ချိန်ထိလဲ?  ဘယ်အချိန်ထိအဲ့လိုတွေလုပ်နေမှာလဲ?  မင်း ယောင်္ကျားလေးကို သဘောကျတယ်ဆိုလဲ အဆင်ပြေပါတယ်၊ အဲ့ဒါမှားနေတာမဟုတ်ပါဘူး” တကယ်ပဲ Can ကိုသဘောကျနေပြီလား? အခုရက်ပိုင်း သူ့အကြောင်းပဲတွေးနေမိတယ်။

“ကိုယ်မင်းနဲ့အတူရှိချင်လို့”

“မင်းက gay မဟုတ်ဘူးမလား?”

ကျွန်တော် တွေဝေပြီးစွံ့အသွားတယ်။Canရဲ့လက်ကိုပြန်လွှတ်ပေးလိုက်တယ်။ ဘာဖြစ်သွားမှန်းမသိပေမဲ့ ကျွန်တော်ကိုတစ်ယောက်တည်းထားပြီး သူထွက်ပြေးသွားတယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now