Chapter six

259 26 4
                                    

*Unicode version*

Tin Pov

ကျွန်တော် သူ့ကိုနမ်းမိမလိုတောင်ဖြစ်ခဲ့တယ်။ ဘာလို့အဲ့လိုလုပ်ခဲ့မှန်းတောင် ကိုယ့်ကိုကိုယ် မသိဘူး။ မနက်က သူနဲ့တွဲလာတဲ့ မိန်းခလေးကိုဘယ်သူလဲလို့မေးမလို့ပါပဲ၊ ဒါပေမဲ့ အဲ့ဒါသူ့ညီမလေးဖြစ်နေတယ်။ အဲဒါ ကြားပြီးနောက် ဘာလို့စိတ်အေးသွားမှန်းလည်းကိုယ့်ကိုကိုယ်တောင်မသိဘူး။

"မင်းဘာတွေပြုံးနေတာလဲ" ရုတ်တရက် Pete ပုခုံးကိုလာပုတ်တော့ လန့်သွားတာပဲ။ Professor က နောက်ကျနေတာ ၁၅မိနစ်လောက် ရှိမယ်၊ အဲ့တော့ အာလုံး စကားတွေများနေကြပြီး ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေကြတာ။

"လန့်လိုက်တာ!" စိတ်တိုတိုနဲ့ ပြောလိုက်တော့ သူကရယ်နေတယ်။ သူလည်း Aeနဲ့တွဲပြီးတည်းက ပုံမှန်မဟုတ်တော့ဘူး။

"မင်းပြုံးနေတယ်" သူကျွန်တော့်နှုတ်ခမ်းတွေကို မေးငေ့ါပြတော့ ကျွန်တော် မျက်မှောင်ကြုတ်ပြီး။

"ဘယ်တုန်းကလဲ၊ မပြုံးပါဘူး" သူရှေ့မှာ ရှက်လို့ အတင်းငြင်းလိုက်တယ်။ Can ကြောင့် ကျွန်တော်ဒီမှာအရူးလို တစ်ယောက်တည်း ပြုံပြုံးကြီးဖြစ်နေတာ Pete သာသိရင် ဘယ်လိုထင်သွားမလဲ။

"ငြင်းမနေပါနဲ့ Tin ရယ်၊ ဝန်ခံလိုက်ပါ။ ဒီနေ့မင်းကိုပျော်အောင်လုပ်နိုင်တဲ့ အရာတစ်ခုခုတော့မင်းစိတ်ထဲမှာ ရှိကိုရှိရမယ်" Pete ကကျွန်တော့်ကို အကြပ်ရိုက်အောင်လုပ်နေတာပဲ။

"ဘာမှမရှိပါဘူး" ပြောပြီး စကားစဖြတ်လိုက်တယ်။ Professor ကလည်းဘယ်ရောက်နေမှန်း မသိဘူး။ သူမလာတော့ဘူးဆိုလည်း ကျွန်တော် ပြန်တော့မယ်။

"Can" ကျွန်တော် ပြတင်းပေါက်ဘက်ကို အလိုလိုလှည့်ကြည့်မိပြီး သူဟုတ်မဟုတ် လိုက်ရှာနေမိတယ်။

"ဘာလဲ..၊ ဘယ်မှာလဲ" သူ့ကိုလိုက်ရှာနေသေးတယ်။ Pete လက်ခုပ်တီးပြီး ထရယ်တော့မှ ကျွန်တော် အငိုက်မိသွားပြီဆိုတာ သိလိုက်တယ်။

ကျွန်တော် စိတ်မရှည်တဲ့လေသံနဲ့

"Pete" အခုသူဝါးလုံးကွဲရယ်နေတယ်။ ကျွန်တော် သူ့ကိုတစ်ချက်လောက်ထိုးလိုက်ချင်တယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now