part-1(Unicode)

31.6K 1.9K 35
                                    

ညည့်ဦးယံအချိန်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး ဆိတ်ဆိတ်ငြိမ်သက်နေသော်လည်း လရောင်ခြုံထားသော ဝမ်တိုင်းပြည်ကတော့ ထည်ဝါခံ့ညားနေဆဲပင် ။

" အား...! "

" အူဝဲအူဝဲ!... "

တိတ်ဆိတ်နေသော အချိန်တွင် ထွက်ပေါ်လာ​
သော ထိုအသံနှစ်ခုက ရှောင်းအိမ်တော်အတွင်း၌ ပဲ့တင်ထပ်သွားသည် ။

မီးဖွားဆောင်ရှေ့တွင် မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကာ စိတ်လှုပ်ရှားနေဟန်ရှိသော လူကြီးမင်းမှာ ထိုအသံလေးနှစ်ခုကြောင့် စိုးရိမ်လွန်း၍ နီရဲနေသော သူ၏မျက်နှာမှာ ရုတ်ချည်းဝင်းပလာလေသည် ။

" မွေးပြီရှင် ၊ ယောကျာ်းလေးရှင့် ။ ဖြူဖြူဖွေးဖွေးလေးတုတ်တုတ်ခဲခဲကြီး ချစ်ဖို့ကောင်းလိုက်တာ..."

အဆောင်ထဲမှ လက််သည်အမျိုးသမီးအသံကြောင့် ထိုအမျိုးသားမှာ အိန္ဒြေပင်မထိန်းနိုင်တော့ပဲ ဘေးနားတွင် စောင့်ကြောင့်ထိုင်နေသော အမျိုးသားငယ်အား ပျော်ရွှင်စွာ ဆွဲဖက်တော့သည်..။

" မွေးပြီ!! မွေးပြီကွ!! ဟားဟား အားချန်ရ မင်းတူလေးမွေးပြီကွ "

" တကယ်! ပျော်လိုက်တာ ပျော်လိုက်တာ ကျွန်တော့်တူလေးမွေးပြီ.."

" သခင်ကြီးရှင့် ၊ အားလုံးပြီးစီးသွားပါပြီ ၊လာကြည့်လို့ရပါပြီရှင့် "

အခန်းထဲမှ မိန်းကလေး၏ စကားကြောင့် သခင်ကြီးက ဖက်ထားသော ကောင်လေးကိုလွှတ်ပေးပြီး

" အားချန် ၊ ဒီမှာခနနေခဲ့ ၊  ငါအခန်းထဲဝင်သွားလိုက်ဦးမယ် "

" မြန်မြန်မြန်မြန် ပြီးရင်တူလေးကိုခေါ်ခဲ့ဦးဗျာ ။ ကျနော်ကြည့်ချင်လှပြီ "

လက်တစ်ခါခါနဲ့ ခုန်ပေါက်အော်ဟစ်နေတဲ့ အားချန်ကို ဝေ့သခင်ကြီးမှာ  ခေါင်းလေးသာပုတ်ပေးပြီး ဇနီးသည်လေးနှင့် သားငယ်လေးရှိရာ အခန်းထဲ အပြေးဝင်လာ​တော့သည် ။
သူတကယ်ပင် ဇနီးနှင့် သားအား ပွေ့ဖက်ရန် မစောင့်နိုင်တော့ပါ ။

အိပ်ယာထက်တွင် ဖြူဖျော့စွာလှဲနေသော အမျိုးသမီးလှလှလေးကိုကြည့်ပြီး ဝေ့သခင်ကြီး ကြည်နူးစွာဖြင့် ပြုံးလိုက်သည် ။ 

Don't take away !! Donde viven las historias. Descúbrelo ahora