[ recommended song: ' love is gone ' by Slander ]
" သေချာပေါက် ကိုကိုလေးဆီ
ရောက်အောင်ပြန်လာခဲ့ပါ့မယ် "" ပြန်လာခဲ့ပါ့မယ်နော် "
" စောင့်နေပေးမယ်မလား "
ညည့်ဦးယံအချိန်မို့ လောကတစ်ခွင်လုံး တိတ်ဆိတ်ညိမ်သက်နေပေမဲ့ ချယ်ရီပင်ကြီးရဲ့တစ်ပင်ရဲ့ အောက်မှာတော့ အိပ်ပျော်နေဟန်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့ ဦးခေါင်းကို ပေါင်ပေါ်တင်ထားသည့် ကောင်ငယ်လေးတစ်ယောက်ဟာ စကားလေးတွေကို သူတစ်ကိုယ်သာ ကြားနိုင်မဲ့အသံမျိုးနဲ့ ရေရွတ်ရင်း ငိုကြွေးနေခဲ့ပါသတဲ့ ။
" ငါမရှိတဲ့အချိန်တွေ မင်းကပဲ သူ့ကိုအဖော်ပြုပေးပါဦး " အုပ်မိုးပေးထားတဲ့ ချယ်ရီပင်ကြီးကိုကြည့်လို့ သူခပ်တိုးတိုးပြောသည် ။
အိပ်ပျော်နေတဲ့လူငယ်လေးကမကြားနိုင်ပေမဲ့ ငုံ့မိုးကြည့်နေတဲ့ ချယ်ရီပင်ကြီးကတော့ ကောင်းစွာနားလည်ခဲ့ပြီး ချယ်ရီပွင့်ဖက်တွေကလည်း သက်တမ်းကုန်သွားသလိုမျိုး အတုန်းအရုန်းကြွေလွင့်လာ၏ ။ အကိုင်းအခတ်လေးများကို ခပ်ဖွဖွလှုပ်ရမ်းရင်း ကောင်ငယ်လေးရဲ့စကားကို သူနာခံခဲ့သည် ။ မင်းသာပြန်လာခဲ့ပါကွယ် ။ ငါ သခင်ငယ်လေးနဲ့အတူ မင်းကိုစောင့်နေပါ့မယ် ။
တညလုံးငိုကြွေးနေခဲ့တဲ့ ထိုကလေးငယ်က ရောင်နီပျိုးလို့ အလင်းရောက်ပြီး ရင်ခွင်ထဲက လူငယ်လေးလှုပ်ရှားလာကာမှ လည်ပင်းနဲ့မျက်နှာတစ်ဝိုက်စိုရွှဲနေတဲ့ သူ့ရဲ့မျက်ရည်တွေကို ကမမ်းတမ်းသုတ်ကာ အငိုတိတ်သွားခဲ့သည် ။ ကောင်ငယ်လေးက သူ့ရဲ့မျက်ရည်တွေကို ချစ်ရသူ မြင်သွားခဲ့မှာ သိပ်ကိုကြောက်နေခဲ့သည် ။
ဖြန့်ကျတ်လာတဲ့ နေမင်းရဲ့ အလင်းရောင်က ရင်ခွင်ထဲက လူငယ်လေးဆီ ကျူးကျော်လာတော့ ကောင်ငယ်လေးက လက်ဖဝါးနဲ့နေရောင်ကို ကာပေးသည် ။ ထိုအခါ အိပ်ပျော်နေတဲ့ လူငယ်လေးက မျက်စိမှိတ်ထားရင်းမှ ခပ်ဖွဖွပြုံးလာပြီး
" နိုးပြီလားဟင် "
အသံတိုးတိုးလေးက သာယာစွာနဲ့ လူငယ်လေးရဲ့နားထဲ စီးဝင်လာတော့ လူငယ်လေးက ဆက်ပြီးမျက်လုံးတွေမမှိတ်ထားနိုင်တော့ ။ ခပ်ဖွဖွလေးပြုံးကာကြည့်နေသည့် မြတ်နိုးရသူလေးကြောင့် လူငယ်လေးရဲ့ နှလုံးသားတစ်ခုလုံး ချိုမြိန်နေတော့သည် ။
![](https://img.wattpad.com/cover/244143177-288-k129772.jpg)
YOU ARE READING
Don't take away !!
Poetry_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_