part-13(Unicode)

10K 1K 54
                                    

ရှန့်ရှန့်မလာတာ နှစ်ရက်ရှိပြီ ။

ကိုရင်ငယ်လေးရဲ့လက်ထဲမှာ ကိုင်နေကျ စိပ်ပုတီးလေးအစား ပုဝါဖြူလေးနှစ်ခုက နှစ်ရက်လုံး  ။

ခန္ဓာကိုယ်က ချယ်ရီတောလေးထဲက ကျောက်တုံးကြီးပေါ်မှာ တရားထိုင်နေပေမဲ့ စိတ်အစုံကတော့ လေထုထဲ ဝေဝဲပြီး တချွင်ချွင်လှုပ်ခတ်နေမဲ့  ခြေချင်းသံလေးကိုသာ လိုက်ရှာနေမိသည် ။

သူတော်စင်တို့ရဲ့ တရားရွတ်ဖတ်သံ ခပ်တိုးတိုးအစား" ကိုကိုလေး " ဆိုပြီး တီတီတာတာတွေ ပြောတတ်တဲ့ သူ့အသံလေးကိုသာ ​ မျှော်လင့်မိတဲ့အခါ ကိုရင်ငယ်လေးမှာလည်း ရူးမတတ်ပါပဲ ။

စိတ်ငြိမ်အောင် ကြာကန်ကြီးဘေးနား တရားမှတ်ကြည့်ပေမဲ့ သူ့ကိုယ်လေးဆီက ရနေကျ ကြာပန်းနံ့လေးတွေရနေတာကြောင့် အယောင်ယောင်အမှားမှားနဲ့ သူများရောက်လာသလား အရပ်လေးမျက်နှာ ရှာကြည့်နေမိပြန်သည် ။

အရာရာတိုင်းမှာ သူ့အသံလေးတွေ ၊ သူ့ပုံရိပ်လေးတွေကသာ လွှမ်းမိုးကြီးစိုးနေတာကြောင့် ကိုရင်လေး သက်ပြင်းငွေ့ငွေ့သာချမိသည် ။

' မင်းတစ်ယောက်နဲ့တော့ ခက်ပါပြီ ရှန့်ရှန့်ရယ် '

ခေါင်းရမ်းပြီးသာ မေ့ဖျောက်မရတဲ့ အဆုံး သူလာနေကျ ချယ်ရီလမ်းလေးဆီ ထွက်လာခဲ့လိုက်မိတော့သည် ။

လေနဲ့အတူ လွင့်ပါလာတဲ့ ချယ်ရီပွင့်ဖက်လေးတွေကိုကြည့်ရင်း ဝတ်ရုံလေးတလွင့်လွင့်နဲ့ ပြေးလာတတ်တဲ့ သူ့ကို မြင်ယောင်နေမိပြန်သည် ။ အတွေးနဲ့အတူ ပြုံးမိသည့်မျက်ဝန်းပြာပြာတို့က လည်ပင်းထက်က ပုတီးကုံးလေးကို မြင်မိသည့်အခါ အေးစက်ရပ်တန့်ကုန်ရသည် ။

တရားတော်တွေ ရှာဖွေရမယ် ။

လူသားတွေကို လမ်းမှန်ရောက်အောင် ပြသပေးရမယ် ။

မကောင်းမှုကို ကောင်းမှုဖြစ်အောင် ပြု ပြင်ပေးရမယ် ။

သံသရာ ဝဋ်ဆင်းရဲက ကယ်တင်ပေးရမယ် ။

ဘုရားရဲ့သားတော်တွေဟာ လူသားတွေအတွက် ကြည်ညိုစရာ အားကိုးထိုက်သူတွေ ဖြစ်နေရမယ် ။ 

Don't take away !! Where stories live. Discover now