part-7(Unicode)

10.9K 1.1K 35
                                    

ဆောင်းကုန်လို့ နွေအကူး နွေဦးလည်းရောက်ပြီဖြစ်တာမို့ ပန်းချယ်ရီတို့က တစ်တောလုံး ဖွေးဖွေးလှုပ်အောင် ဝေနေကြပြီ ။

ရွက်ဟောင်းတို့နဲ့အတူ လေအဝှေ့တိုင်း ကြွေလွင့်လာတဲ့ ချယ်ရီပွင့်ဖက်တို့က ကျောင်းဝန်းတစ်ခုလုံး ခြေချစရာနေရာမရှိအောင် နေရာယူလျက် ။

ရပ်တန့်မနေတဲ့ ရာသီစက်ဝန်းတို့ကြောင့် နှစ်တွေကလည်း အလီလီကြာသွားခဲ့ပြီ ။ သို့ပေမဲ့ နွေဦးနဲ့ ဒီကျောင်းတော်ရဲ့အလှကတော့ မပြောင်းလဲပဲ ဝင့်ဝင့်ကြွားကြွားရှိနေဆဲပင် ။

​တစ်ချိန်က ကျောင်းတော်က အငယ်ဆုံးနဲ့ အလိမ္မာဆုံး ၊ အအေးဆုံးရယ်လို့ သတ်မှတ်ထားတဲ့ ကိုရင်ငယ်လေး လန်ဝမ်ကျီးဟာဆိုရင်လည်း အခုဆိုရင် အများအားကိုကြည်ညိုရတဲ့ ဘုန်းတော်ကြီးတစ်ပါး သူတော်စင်တစ်ပါးပင် ဖြစ်နေပြီ ။

သိက္ခာသမာဓိနဲ့ ပြည့်စုံပြီး အေးချမ်းတည်ငြိမ်လှတဲ့ သူတော်စင်လေးလန်ဝမ်ကျီးက နှစ်တွေကြာသွားပေမဲ့ အရင်လိုပဲ ကျောင်းဝန်းတစ်ခုလုံး မနက်ခင်းတိုင်း တံမြတ်စည်းလှဲရတဲ့ တာဝန်ကို ယူတုန်းပါပဲတဲ့ ။

ဓမ္မစာပေတွေတက်မြောက်သွားပြီတဲ့ သူတော်စင်လေးက သူ့ရဲ့အားလပ်ချိန်တွေကို ချယ်ရီတောလေးထဲမှာ တရားထိုင်ရင်း ၊ ကျင့်စဉ်တွေကျင့်ရင်းသာ ကုန်ဆုံးရသည် ။

ကိုရင်လေးရဲ့ တစ်နေ့တာက တကယ်ကိုအေးအေးချမ်းချမ်းပါပဲ...။ အဲ့တာက ဝေ့ပေါက်စလေး ကျောင်းထဲမရောက်ခင်ချိန်ထိပေါ့ ။

" ကိုကိုလေး!! အဟီး... ရှန့်ရှန့်လာပြီ!! "

တိတ်ဆိတ်ငြိမ်သက်နေတဲ့ လန်ဘုန်းတော်ကြီးကျောင်းကို ထိုအသံငယ်လေးက မနက်ခင်းတိုင်း မပျက်မကွက် အသက်သွင်းပေးနေခဲ့သည်မှာ ဆယ်နှစ်ပင်ကျော်ပြီ ။

ချယ်ရီပင်အောက်မှာ မျက်လုံးလေးမှိတ်ပြီး ပုတီးစိပ်နေတဲ့ သူတော်စင်လေးမှာလည်း ထိုအသံစူးစူးလေးကြောင့် တစ်ချက်တုန်သွားပြီး ကြည်ပြာရောင်မျက်လုံးအစုံတို့က ဆက်ကနဲ ပွင့်လာရသည် ။

မနက်ခင်းတွေတိုင်း ပုံမှန်ကြားနေကျ အသံလေးဖြစ်ပေမဲ့ ကိုရင်လေးအဖို့ အခုချိန်ထိ အသားမကျပဲ ရင်တွေထိတ်နေရတုန်းပင် ။

Don't take away !! Where stories live. Discover now