part-17(Unicode)

10.9K 1K 70
                                    

အနက်ရောင်ဓားရှည်ကို ဘယ်လက်ကခပ်တင်းတင်းဆုပ်ကိုင်ပြီး ညာလက်ဖြင့် အဖြူရောင် သက်မဲ့ ကြွေရုပ်ကလေးအား  တယုတယပွေ့ချီထားတဲ့ လန်ဝမ်ကျီးက နာကြည်းခြင်း ၊ မုန်းတီးခြင်းတွေအပြည့်ဖြင့် မတရားမှုကို အဆုံးသတ်ဖို့အတွက်  နန်းတော်တံခါးဝဆီသို့ ရောက်လာသည် ။ ပြာချမတက် မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းအစုံကြောင့် ထွက်ပေါ်လာတဲ့ မိစ္ဆာစွမ်းအင်တစ်ချို့က လန်ဝမ်ကျီးရဲ့ ကိုယ်မှာ ရစ်သိုင်းလွှမ်းခြုံသည် ။

" ဒီမှာ ကိုရင် ဘယ်သူနဲ့တွေ့ချင်လို့လဲ!! "

တံခါးဝရှေ့က တံခါးမှူးနှစ်ယောက်က ဓားကိုင်ပြီး မူမမှန်သော ပုံစံနှင့် နန်းတော်တံခါးဝရှေ့သို့ရောက်လာသော ကိုရင်ကြောင့် ရှေ့ကပိတ်ရပ်လိုက်ပြီး မေးသည် ။

" မင်းတို့အိမ်ရှေ့စံနဲ့ "

နန်းတော်ဆီက အကြည့်မခွာပဲ ဖြေလာတဲ့ကိုရင်ရဲ့ လေသံက အေးစက်ပြီး တည်ငြိမ်နေပေမဲ့ မျက်ဝန်းအစုံကတော့ သွေးချင်းချင်းနီကာ စူးရဲနေတာမို့ တံခါးမှူးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်စ,ပစ်ရင်း  အတော်ကြာမှ အနည်းငယ် မောက်မာပုံရှိတဲ့ တံခါးမှူးက ရှေ့ထွက်လာပြီး

" အိမ်ရှေ့စံ ! အိမ်ရှေ့စံမဟုတ်တော့ဘူး ။ စကားကိုဆင်ခြင်ပြောပါ ။ လွန်ခဲ့ရက်က နန်းတက်ပွဲလုပ်ပြီးသွားတာ မင်းမသိဘူးလား! ဒါနဲ့ မင်းရဲ့လက်ထဲက ဘယ်သူ့ကိုခေါ်လာတာလဲ! အား!! "

တံခါးမှူးရဲ့ လေထဲဝေ့ဝဲလာတဲ့လက်က ရုတ်ချည်းဆိုသလို မျက်တောင်တစ်ခတ်အတွင်း  နန်းမြေပြင်ပေါ် လွင့်ကျသွားပြီး တုံးတိပြတ်သွားသော လက်မောင်းနေရာမှ သွေးများအဆက်မပြတ် ပန်းထွက်လာသည် ။ တံခါးမှူးက မယုံနိုင်စွာနဲ့ နောက်ဆုတ်သွားရင်း နာနာကျင်ကျင် အော်ဟစ်နေသည်။

" အား... မင်း... မင်း... "

ဓားကိုပြန်ဆုတ်ပြီး မိစ္ဆာလို တိုးတိတ်ပြတ်သားသော လေသံနဲ့ လန်ဝမ်ကျီးဟာ ကြောက်ရွံ့ထိတ်လန့်ကာ သွေးပျက်နေသော တံခါးမှူးနှစ်ယောက်အား သတိပေးလိုက်သည် ။

" မင်းတို့ရဲ့လက်ညစ်ပတ်တွေနဲ့ ငါ့ရဲ့ကလေးကို မထိနဲ့! "

ဓားရဲ့ဦးဖျားစွန်းကနေတစ်ဆင့် သွေးတွေက တစ်စက်ချင်း မြေပြင်ပေါ်သို့ စီးကျလာသည် ။  မျက်ဝန်းသေတွေနဲ့စိုက်ကြည့်ကာ ပြောလာတဲ့ စကားအဆုံးမှာ အမဲရောင်အငွေ့အသက်တွေက ထင်ထင်ရှားရှားပင် ကိုရင်ရဲ့ အဖြူရောင် ဝတ်ရုံတွေဆီမှ တဝေ့လည်လည် တိုးထွက်လာသည် ။ သွေးရိုးသားရိုး မဟုတ်သော ကိုရင်ရဲ့ပုံစံကြောင့် တံခါးမှူးနှစ်ယောက်လည်း ဘာမှမတုံ့ပြန်နိုင်တော့ပဲ ကြောက်အားလန့်အားဖြင့် နန်းတော်ထဲ ပြေးဝင်သွားတော့သည် ။

Don't take away !! Where stories live. Discover now