ငါးနှစ်ခန့်ကြာပြီးနောက်....
ဝေ့အိမ်တော်တွင်
" ရှန့်လေးကလည်းကွာ.. ပုဝါလေးက လှပါတယ်..။ ခုအပြင်သွားတုန်း ခနလေးပဲ စည်းရမှာ..။ ပြန်ရောက်လာတာနဲ့ ဦးဦးက ဖြုတ်ပေးမယ်လေကွာနော်.."
အနားသတ်တွင် ချယ်ရီပွင့်သေးသေးလေးတွေနဲ့ ပုံဖော်ထားသော ပုဝါဖြူလေးအား ကိုင်ပြီး ရှေ့ကနေ ကော့ပက်ကော့ပက်နဲ့ ပြေးနေသော ဝက်ပေါက်လေးရှန့်ရှန့်နောက်ကို လိုက်ချော့နေသော ကျန်းချန်မှာ လျှာပင်ထွက်လုနီးပါးပင် ။
" ရဘူး ၊ စည်းဘူး ၊ ကြိုက်ဘူး"
ရှန့်ပေါက်စကတော့ ကျန်းချန်စကားကိုနားပင်မထောင်ပဲ နှုတ်ခမ်းပိစိလေးကိုထော်၍ ပက်ကနဲပက်ကနဲ ပြန်ပြန်ပြောသည် ။
စကားနားမထောင်သော တူအလိမ္မာလေးအား ကျန်းချန်မှာ စိတ်မဆိုးနိုင် ၊ ပါးဥကြီးတွေက လုံးတက်နေအောင် ဖောင်းထားပြီး မျက်မှောင်လေးကျုံ့ထားသော အဆိုးလေးကြောင့် အသည်းပင်ယားရသေးသည် ။
ဒီနေ့က ရှန့်ရှန့်ရဲ့ ငါးနှစ်မြောက်မွေးနေ့ဖြစ်တာမို့ ဘုန်းတော်ကြီးကျောင်းဆီ ကုသိုလ်သွားပြုကြရန် ပြင်ဆင်နေကြခြင်း ဖြစ်ရာ
ရှန့်လေးမှာ မိုးလင်းကတည်းက ပုဝါမစည်းချင်၍ ကျန်းချန်အား ဂျီတိုက်နေခြင်း ဖြစ်သည် ။ရှန့်လေးက ငယ်သေးတဲ့အရွယ်မို့ တစ်ခုခုဖြစ်မှာ မစိုးရိမ်ရပေမဲ့ ဘာမဆို အရင်ဆုံးကာကွယ်ထားတာ အကောင်းဆုံးပဲမလား ။
" ဟင်း... တုတ်ထိုးချိုချဉ်တွေအများကြီးဝယ်ပေးမယ် ဆိုရင်ရော.."
ကျန်းချန်မှာ ဘယ်လိုပြောပြော မတက်နိုင်နိုင်တဲ့အဆုံး သက်ပြင်းတစ်ချတ်ချကာဖြင့် နောက်ဆုံးနည်းအနေနဲ့ သူအရမ်းကြိုက်တဲ့ တုတ်ထိုးချိုချဉ်အကြောင်း ပြောလိုက်တော့မှ ခြေတိုတိုလေးတွေနဲ့ ပတ်ပြေးနေတဲ့ အဆိုးလေးက တိခနဲရပ်သွားသည် ။
ထို့နောက်ဒင်းကလေးက မော၍ဆက်မလိုက်နိုင်ပဲ ကြမ်းပြင်၌ ခြေပစ်လက်ပစ်ထိုင်နေသော ကျန်းချန်အားကြည့်ကာ
" ဘယ်နှထုယဲ "
အမယ် စကားသာမပီတာ ရှန့်ပုစိက အလာကြီး ။ ခါးလေးထောက်ပြီး ဈေးဆစ်နေတဲ့ အကောင်ပေါက်လေးကြောင့် ကျန်းချန်မနေနိုင်စွာနဲ့ အမောတကောထပြီး အသည်းယာစွာပွေ့ချီပစ်လိုက်ကာ
YOU ARE READING
Don't take away !!
Poetry_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_