part-5(Zawgyi)

5.9K 288 4
                                        

" ချန်ချန်လို့~~!! နော် နော် ၊ ရှန့်ရှန့်ကို ခနလောက်လေးပဲဖြစ်ဖြစ် လိုက်ပို့ပေးပါနော်လို့~~ "

ရင်ခွင်ထဲကနေ နှုတ်ခမ်းလေးချွန်ပြီး ပူဆာနေတဲ့ အဆိုးလေးရယ်လေ ။

ဘုန်းတော်ကြီးကျောင်းက ပြန်ရောက်ထဲက ကိုကိုလေး ၊ ကိုကိုလေးနဲ့ ပါးစပ်ကမချပြောနေတဲ့ ရှန့်လေးက ဒီနေ့ကျတော့ ကိုကိုလေးဆီသွားချင်ပါသည်တဲ့လေ ။

လူစိမ်းတွေနဲ့ အထိအတွေ့မရှိတဲ့ ရှန့်လေးက ဒီကိုရင်လေးအပေါ် အချိန်တိုလေးအတွင်း ဒီလောက်ထိ သံယောဇဉ်တွယ်သွားတာ အံ့ဩဖို့လည်းကောင်းသလို ကျန်းချန်မနာလိုလည်း ဖြစ်ရသည် ။ ကိုယ့်ကလေးလေးက ကိုယ့်ထက် တစ်ခြားသူကို ပိုပြီး ခင်တွယ်သွားမှာ ကျန်းချန်တကယ်မလိုချင် ။

သို့ပေမဲ့ မနက်တည်းက တဂျီဂျီနဲ့ပူဆာနေတဲ့ ရှန့်ရှန့်လေးကြောင့် အမှန်တကယ်လိုက်ပို့ပေးချင်ပါသည် ။ ယောက်ဖတော်ကလည်း ဟိုတနေ့ပြန်လာထဲက ချိုချဉ်ကိစ္စရော ၊ ပုဝါပြန်မပါလာတဲ့ ကိစ္စရောကြောင့် ကျန်းချန်နဲ့ ရှန့်ရှန့်ကိုဆူထားတာရယ် ။ အခုနေသွားပြောလည်း ငြင်းခံရမှာသေချာသည့်အပြင် အပိုထပ်ဆောင်းအနေနဲ့ ကြိမ်လုံးကြီးတောင် ပါချင်ပါလာမှာ ။ ယောက်ဖရဲ့ ကြိမ်လုံးကအကြောင်းသုံးပါးရွေးတာမဟုတ် !

" ချန်ချန်ရေ~~ နော်~~ နော် ၊ ရှန့်လေးကိုလိုက်ပို့နော်လို့~~~ "

" ရှန့်လေးကလည်းကွာ ဦးဦးကလိုက်ပို့ပေးချင်ပါတယ် ။ ဒါပေမဲ့ ရှန့်လေးဖေဖေက ဦးတို့ကိုသွားခိုင်းမှာမှမဟုတ်တာ "

ကျန်းချန်က ညည်းညူကာပြောတော့ ရင်ခွင်ထဲက ရှန့်လေးက မျက်စောင်းလေးထိုးကာ ကျန်းချန်ကို ကြည့်လာသည် ။ ဘာတွေမဟုတ်တာလုပ်ဦးမလဲမသိ ။

" ချန်ချန်ကလည်း တုံးရန်ကော ။ ရှန့်ရှန့်မှာအကြံရှိတယ် ပြောပြမယ် ။ ခေါင်းငုံ့ ၊ တိုးတိုးလေးပြောပြမယ် "

တွေ့လား မဟုတ်ကဟုတ်က အကြံတွေထုတ်နေတာ ။ ပြောပါတယ် ကျန်းချန်ရဲ့အဆိုးလေးက သိပ်ကိုဆိုးပါတယ်လို့ ။ ဟူး... ကျန်းချန်ရေ.. ကြိမ်လုံးနံ့တွေရနေပါပြီကွာ ။

" Don't take away " Où les histoires vivent. Découvrez maintenant