part-20 (Unicode)

15.3K 1.1K 89
                                        

နောက်နေ့တွေမှာလည်း  ရှန့်ရှန့်က ကိုကိုလေးကို နေမထွက်ခင်တိုင်း ​ထိုမြစ်ကိုခေါ်လာကာ တရားထိုင်စေခဲ့သည် ။ နေ့လည်ပိုင်းတွေဆိုရင်တော့ သူတို့နှစ်ဦးတည်းသာရှိတဲ့ နိဗ္ဗာန်ငယ်လေးဖြစ်တဲ့ ချယ်ရီတောထဲမှာပဲ ကိုကိုလေးအား သူတော်စင်တရားတွေပြန်ကျင့်ကြံစေရင်းနဲ့ ကုန်ဆုံးသည် ။ တကယ်ဆို လန်ဝမ်ကျီးရဲ မိစ္ဆာစိတ်တွေက ရှန့်ရှန့်မျက်ဝန်းညိုလေးတွေနဲ့ အကြည့်ဆုံခဲ့ကတည်းက လေလိုလွင့်ပယ်ခဲ့ပြီဖြစ်ပေမဲ့လည်း ရှန့်ရှန့်ကတော့ အဆုံးစွန်ထိ သူ့ကြောင့်ညစ်စွန်းခဲ့ရတဲ့ ကိုကိုလေးရဲ့ ဘဝကို ပြန်လည်သန့်စင်စေလိုခဲ့သည် ။

" ဟာ ကိုကိုလေး မျက်လုံးမှိတ်ထားဆို "

ပုလွေကိုင်ထားတဲ့ ရှန့်ရှန့်ရဲ့လက်သွယ်သွယ်လေးတွေနှင့် ပန်းသွေးရောင် ထနေတဲ့ နှုတ်ခမ်းဖျားငယ်အား ငေးကြည့်နေတဲ့ လန်ဝမ်ကျီးတစ်ယောက် ရှန့်ရှန့်ဆီက ဆူအောင့်အောင့်အသံကြားမှ ဆက်ကနဲလန့်သွားမိသည်အထိ သတိလက်လွတ် ဖြစ်နေခဲ့သည် ။

" အဟမ်း... "

အရှက်ပြေချောင်းဟန့်လို့ မျက်လွှာပြန်ချသွားတဲ့ ကိုကိုလေးကြောင့် ရှန့်ရှန့်မှာ တိတ်တိတ်လေး ရယ်ရပြန်သည် ။ ကိုကိုလေးက ငတုံးလေး ။

" ပုလွေသံကိုအာရုံစိုက်နော် "

" ကိုယ်သိပြီ "

လေတိုးသံသာရှိတဲ့ ချယ်ရီတောလေးထဲမှာ အေးချမ်းတဲ့ တေးသွားနုနုလေးက တစ်စတစ်စ ငြင်သာစွာ ​နေရာယူလာသည် ။ တဖြုတ်ဖြုတ်ကြွေကျလာတဲ့ ချယ်ရီပွင့်ဖက်တွေက တရားထိုင်နေတဲ့ လန်ဝမ်ကျီးနဲ့ သန့်စင်ခြင်း တေးသွားဖော်ကျူးနေတဲ့ ရှန့်ရှန့်ပေါ်သို့ အသာအယာကြွေကျနေခဲ့သည် ။

"" စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ ဝဋ်ကြွေးရှိရင်
ဒီဘဝနဲ့ပဲ ကျေပါစေ  ""

ခပ်ဝေးဝေးမှ ရင်နစ်ဖွယ်မြင်ကွင်းကိုကြည့်လို့ ဘုန်းတော်ကြီး သက်ပြင်းလေးလေးသာ ချလိုက်မိသည်  ။ သံသရာတစ်ဖက်ကမ်းနေ ဝဋ်ကြွေးကြီးစွာ ပြန်ရောက်လာခဲ့တဲ့ ဝိညာဥ်ဖြူလေးနဲ့ ရူးသွပ်သွားတဲ့ ကိုရင်ငယ်အတွက် ဂရုဏာသက်စွာ ဆုတောင်းပေးမိရုံမှတစ်ပါး သူဟာ  မတတ်နိုင်တော့ပါ ။   ဘုန်းတော်ကြီးနဲ့အတူပါလာတဲ့ ကျောင်းသားလေးကတော့ ချယ်ရီပင်ရိပ်အောက်က တစ်ယောက်တည်း စကားပြောပြီး တရားမှတ်နေတဲ့ သူတော်စင်အသွင်အပြင်နဲ့ လူကို  နားမလည်နိုင်စွာ ကြည့်ရင်း  ဘုန်းတော်ကြီးနောက်မှ တိတ်တိတ်လေး လိုက်သွားခဲ့တော့သည် ။

" Don't take away " Where stories live. Discover now