" အဆင်ပြေရဲ့လားသားလေးက ၊ စိုးရိမ်ရလား "
" မစိုးရိမ်ရပါဘူးသခင်ကြီး ။ ကလေးငယ်က အားနည်းလွန်းပြီး ဖြစ်သွားတာပါ ၊ နည်းနည်းလောက်အနားယူလိုက်ရင်ရပါပြီ "
သမားတော်ကြီးဆီက မစိုးရိမ်ရဘူးဆိုတဲ့ အသံကြားမှ ဝေ့သခင်ကြီးမှာ သက်ပြင်းငွေ့ငွေ့ချနိုင်သည် ။ သမားတော်ကြီးထွက်သွားမှ ရှန့်ရှန့်လေးဘေးနားသို့ဝင်ထိုင်ပြီး လက်ကလေးကိုဆုပ်ကိုင်ထားလိုက်မိသည် ။ ချစ်သည်းညှာလေးအား ဘယ်နည်းနဲ့မှ ဆိုးသွမ်းရိုင်းစိုင်းတဲ့ ဝမ်အိမ်ရှေ့စံလက်ထဲ မထည့်ပေးချင်ပေမဲ့ ထွက်ပြေးစရာ မြေလည်း မရှိတဲ့အပြင် ၊ အားချန်ကလည်း သူ့လက်ထဲမှာ ဖြစ်သည် ။ ဝေ့သခင်ကြီး မျက်ရည်တွေသာကျပြီး ရှိုက်ကြီးတငင်ငိုချမိတော့သည် ။ ဖေဖေဘယ်လိုလုပ်ရတော့မလဲ ဖေ့ကလေးငယ်လေးရယ်.... ။
" ဖေဖေ~ "
တိုးလျလျအသံလေးကြောင့် မျက်ရည်တွေကို ကပြာပယာသုတ်ပစ်လိုက်ကာ
" သားသား နိုးပြီလား သက်သာရဲ့လားကလေးရယ် ဘယ်နားတွေနာနေသေးလဲ ဖေဖေ့ကိုပြော "
စိုးရိမ်တကြီးနဲ့ မေးခွန်းတွေတရစပ်မေးနေတဲ့ အဖေဖြစ်သူကြောင့် ရှန့်ရှန့်က ခေါင်းလေးယမ်းလိုက်ပြီး
" ရှန့်ရှန့် သက်သာပါတယ် "
" တော်သေးတာပေါ့ကလေးငယ်ရယ် တော်သေးတာပေါ့ ၊ ဖေဖေ အရမ်းစိတ်ပူသွားခဲ့တာ "
" တောင်းပန်ပါတယ် ။ ရှန့်ရှန့်ကြောင့် ဖေဖေစိတ်ပူနေရပြီ "
" မဟုတ်တာသားလေးရယ် ။ ဖေဖေကသာ ဖေဖေကသာ တောင်းပန်ရမှာပါ ။ ဖေ ဖေဖေ သားလေးကို..."
ဖေဖေ့စကားမဆုံးခင် ရှန့်ရှန့်ခေါင်းတွေကို ရမ်းပစ်လိုက်သည် ။
" တော်ပါတော့ဖေဖေရယ် ။ ရှန့်ရှန့် အင့် ရှန့်ရှန့်အဲ့အကြောင်းတွေ မတွေးချင်ဘူး "
သားကလေးက မျက်ရည်တွေစိုနေတော့ ဝေ့သခင်ကြီးရင်ထဲ မီးတောက်မီးလျံတွေက တမြိုက်မြိုက်ပူလောင်လို့ ။ အံကိုကြိတ်ကာ ခေါင်းကို တဆတ်ဆတ်ညိတ်လို့
" အင်းပါသားလေးရယ် ။ အိပ်လိုက်ဦးနော် အားရှန့်လေး ။ အားနည်းနေတယ်ပြောတယ် ။ ဖေဖေဒီနားလေးမှာပဲ စောင့်ပေးနေမယ်နော် "
![](https://img.wattpad.com/cover/244143177-288-k129772.jpg)
ESTÁS LEYENDO
Don't take away !!
Poesía_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_