" ကိုကိုလေး!! "
လန်ဝမ်ကျီးရဲ့လက်ထဲကဓားက ဦးတည်ရာမဲ့စွာ လွတ်ကျသွားသည် ။ ရင်ခွင်ထဲက နွေးထွေးတဲ့ အထိအတွေ့လေးနဲ့ သေးငယ်တဲ့ ငိုသံလေးကြောင့် လန်ဝမ်ကျီးက အသက်ရှူတွေရပ်ထားမိသည် ။
" မလုပ်ပါနဲ့!! ဟင့်... အဲ့လို မလုပ်ပါနဲ့! "
နွေးထွေးတဲ့ မျက်ရည်နဲ့ ဝင်လေထွက်လေ ခပ်ငွေ့ငွေ့က လန်ဝမ့်ကျီးရဲ့ ရင်ဘက်နားမှာ ရှိနေသည် ။ လန်ဝမ်ကျီးရဲ့ လက်နှစ်ဖက်က လေထုထဲတွင် ကြောင်,အစွာ ရပ်တန့်နေသည် ။မျက်ဝန်းနီနီတွေက ဂရုဏာသက်ဖွယ် တုန်လှုပ်လာခဲ့ပြီးနောက် ရပ်တန့်ထားတဲ့ လက်ဖဝါးနှစ်ဖက်ဟာလည်း တဆတ်ဆတ်တုန်ရီလာခဲ့သည် ။
လည်ပင်းက လည်စလုတ်က လှုပ်ရှားသွားပြီးနောက် မခံမရပ်နိုင်အောင် လှိုက်တက်လာတဲ့ အမျိုးအမည်မသိတဲ့ ခံစားချတ်ကြောင့် သူဟာ မပီမပြင် ပြုံးလိုက်သည် ။ ဒါက ... ဘာလဲ ။
ထပ်ပြီးတော့ ကံကြမ္မာက ကျီစယ်ပြန်တာလား ။ မခံမရပ်ဖြစ်လာသည့်တိုင် သူ့ရဲ့လက်နှစ်ဖက်ဟာ ရင်ခွင်ထဲက အထိအတွေ့ကို ထွေးပိုက်ဖို့ မလှုပ်ရှားနိုင်ခဲ့သလို မိစ္ဆာမျက်ဝန်းနီနီတွေဟာလည်း အထိအတွေ့လေးအား ကြည့်ဖို့ မဝံ့ရဲတော့ ။တကယ်လို့များ ရင်ခွင်ထဲက အထိအတွေ့လေးဟာ သူ့ရဲ့ ရူးသွပ်မှုကြောင့် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုသာ ဖြစ်နေပါမည်ဆိုလျှင် လန်ဝမ်ကျီးရဲ့ အစိုးမရတော့တဲ့ ဒေါသအစုံက သုံးလောကကိုတောင် ဖျတ်ဆီးပစ်တော့မည် ဖြစ်သည် ။
" ကိုကိုလေးရယ်.. "
ပြန်လည်ပွေ့ဖက်ခြင်းမရှိသလို ၊ အကြည့်လေးတစ်ချတ်တောင် မပေးနိုင်တော့ပဲ ကျောက်ရုပ်တစ်ရုပ်အလား ရပ်တန့်သော ကိုကိုလေးကြောင့် ရှန့်ရှန့် ယူကြုံးမရစွာ ရေရွတ်လိုက်မိသည် ။ သေးငယ်တဲ့ ငိုရှိုက်သံလေးက လန်ဝမ်ကျီးရဲ့ နာကျင်အောင့်မျက်နေတဲ့ နှလုံးသားဆီ တစိမ့်စိမ့်တိုးဝင်သွားတဲ့အခါ အချိန်အတော်ကြာအောင် လွတ်ထွက်နေတဲ့ အသိစိတ်က ပြန်လည်လို့ ဝင်ရောက်လာသည် ။ လန်ဝမ်ကျီးရဲ့ နှလုံးသားဟာ လှုပ်ရှားသွားပြီး သူဟာ မယုံနိုင်စွာနဲ့ တိုးငယ်သော အသံတစ်ခုဖြင့် ရေရွတ်လိုက်မိသည် ။
YOU ARE READING
Don't take away !!
Poetry_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_