စိမ်းစိမ်းစိုနေသော တောအုပ်ကလေးက မြင်သူတိုင်း မျက်စိပဒေသဖြစ်ဖွယ် ၊ လေအဝှေ့ သင်းပျံ့လာသော ချယ်ရီပန်းရနံ့လေးကြောင့်
အမှန်ပင်နိဗ္ဗာန်ငယ်လေးတစ်ခုထဲသို့ ရောက်သွားသည့်နှယ်ပင် ။သူတော်စင်တို့ရဲ့ ခပ်တိုးတိုး တရားရွတ်ဖတ်သံ ၊ ဂါထာရွတ်ဖတ်သံ ၊ တုံးခေါက်သံတို့နှင့်
အတူ စမ်းရေကျသံ ၊ ကျေးငှက်အပေါင်း၏
တေးသီသံတို့ဖြင့် လန်ဘုန်းကျောင်းတော်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည် ။ကျောင်း၏ ဝါတော်အကြီးဆုံးဖြစ်သော ဘုန်းတော်ကြီးလန်ချီရန်က ပေရွက်ပေါ်၌ ကလေးငယ်၏ ဇာတာအားတွက်ချတ်ပေးနေသည် ။
အတန်ကြာတွင် ပေရွက်အားချ၍ ဘုန်းတော်ကြီးက သူ၏ နှုတ်ခမ်းမွှေးရှည်များကို တစ်ချတ်သပ်လိုက်ကာဖြင့်" လနတ်သမီးရဲ့ဇာတာခွင်နဲ့ထပ်တူကျတဲ့ ဒီကလေးရဲ့အလှဟာ သူမတူအောင်အေးချမ်းနှစ်လိုဖွယ်ကောင်းနေပါလိမ့်မယ် ။ ဖြူစင်မြင့်မြတ်တဲ့စိတ်ထားနဲ့ ဒီကလေးက တွေ့သူမြင်သူတိုင်း ချစ်ခင်နှစ်သက်ကြလိမ့်မယ် "
ဘုန်းတော်ကြီးရဲ့ အတက်အကျမရှိ စကားသံအေးအေးကြောင့် ဝေ့ဇနီးမောင်နှံမှာလည်း ရင်ခွင်ထဲမှ ကလေးလေးအားကြည့်ကာ ပြုံးလို့ပင်မဆုံးတော့ ။
"အင်း... ၊ ထို့အတူ အတိတ်ကံ အကျိုးပေးကြောင့် ကလေးငယ်ဟာ... "
"..... "
ရုတ်တရတ် မျက်နှာပျက်စွာဖြင့် သက်ပြင်းလေးလေးကိုချ၍ ရင်ခွင်ထဲ၌ ငြိမ်နေသော သားငယ်အား စိတ်မကောင်းစွာကြည့်လာသော ဘုန်းတော်ကြီးကြောင့် ဝေ့ဇနီးမောင်နှံ ရင်တွေအဆမတန်ပူလောင်လာရသည် ။
" ပြော..ပြောပါ...၊ တပည့်တော်မတို့ အဆင်ပြေပါတယ်..."
ဝေ့သခင်မကြီးက ပူလောင်နေတဲ့ရင်ကို လျစ်လျူရှူပြီး သူမရဲ့စိတ်ကို အတတ်နိုင်ဆုံးပြင်ဆင်၍ ပြောလိုက်သည် ။
ဘုန်းတော်ကြီးက အဖြူရောင်မုတ်ဆိတ်မွေးရှည်ရှည်တွေကို တစ်ချတ်သတ်ချလိုက်ရင်း ကောင်းကင်သို့မော့ကြည့်ကာ
" အင်း.... ၊ နက္ခတ်အရ ကလေးက ' ကော ' တစ်ယောက်ဖြစ်မည့်အပြင် လှလွန်းတဲ့သူ့ရဲ့ ရုပ်ရည်ကြောင့် သုံးလောက ကမောက်ကမ
ဖြစ်လိမ့်မယ် ၊ ကလေးငယ်ရဲ့ရုပ်ရည်ကြောင့်ပဲ ကလေးငယ်ရဲ့ဘဝ ကံဆိုးမိုးမှောင်ကြရောက်ရဦးမယ် "

ŞİMDİ OKUDUĞUN
Don't take away !!
Şiir_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_