ခုနှရက်ကြာသွားပါပြီ ။
အငြိုးကြီးတဲ့ မိစ္ဆာမီးလျှံတွေကတော့ တဟုန်းဟုန်းတောက်လောင်နေဆဲပါပဲ ။ မိစ္ဆာစည်းဝိုင်းရဲ့အလည်မှာ ဖြူဖျော့စွာ လဲလျောင်းနေသော ကောင်ငယ်လေးတစ်ဦးရှိပြီး ထိုကောင်ငယ်လေးနိုးထလာစေရန် မိစ္ဆာစွမ်းအားများအား ဖိတ်ခေါ်နှိုးဆွနေသော တစ်ချိန်က လန်ဘုန်းတော်ကြီးကျောင်းရဲ့ အသန့်စင်ဆုံး သူတော်စင်လေးလည်း ရှိနေခဲ့သည် ။
သူတော်စင်လေးရဲ့ လည်ပင်းမှာ အဖြူ ရောင် ပုလဲပုတီးအစား အနက်ရောင် အရိုးခေါင်းများစွာက ရှိနေပြီး ဝါကျင့်ကျင့်သင်္ဃန်းနှင့်အတူ တွဲဖက်ဝတ်ဆင်ထားတဲ့ အဖြူရောင်ဝတ်ရုံရှည်အစား သွေးရောင်လွှမ်းနေသော ညစ်ထေးထေး ဝတ်ရုံတစ်ခုသာ ရှိနေခဲ့သည် ။
မိုးရွာပြီးကာစဖြစ်၍ ခပ်ဖြူးဖြူးတိုက်ခတ်နေသော လေပြေနုနုက အေးမြခြင်းအပြည့်ရှိနေသော်လည်း တဟုန်းဟုန်းတောက်လောင်နေသော မိစ္ဆာမီးလျံများကတော့ ငြိမ်းသက်သွားခြင်းမရှိခဲ့ ။ လန်ဝမ့်ကျီးရဲ့နှလုံးသားက မီးတောက်တွေနဲ့အတူ လောင်ကျွမ်းကာ နာကျင်နေသည် ။ မိုးရေစက်များနှင့် လေပြည်နုနုများကို ငြင်းပယ်၍ သူဟာ အသက်ရှူသံလေးတစ်ခုကိုသာ မက်မောစွာ တောင့်တနေခဲ့သည် ။ ထိုမှသာ သူ့နှလုံးသားနှင့်အတူ ထိုမီးလျံများလည်း ငြိမ်းအေးတော့မည်ဖြစ်ကြောင်း သူဟာ ကောင်းစွာ နားလည်နေခဲ့သည် ။
" အား .. ပူတယ်... ကိုကိုလေး... "
တစ်ခုသော ဝိညာဥ်ငယ်လေးကတော့ စိုးရိမ်ကြီးစွာနဲ့ မိစ္ဆာမီးလျံကြား တိုးဖြတ်လို့ စည်းဝိုင်းအလည်က ချစ်ရသူဆီ အပြေးသွားနေခဲ့ပေမဲ့ အားအင်မဲ့နေဝိညာဥ်ဖြူလေးသာဖြစ်တာမို့ မိစ္ဆာမီးတောက် တွေကို သူဟာ ဖြတ်ကျော်နိုင်ခြင်းမရှိခဲ့ ။ တိုးကပ်လိုက်တိုင်း ပူလောင်လာသော မီးလျံတွေကြောင့် ဝိညာဥ်ငယ်လေးဟာ နာနာကျင်ကျင် ငိုကြွေးနေခဲ့ပေမဲ့ သူဟာ နောက်မဆုတ်နိုင်ခဲ့ပေ ။
မိမိအတွက်နဲ့ လူပေါင်းများစွာကို အညှာအတာမဲ့စွာ သတ်ဖြတ်ခဲ့တဲ့အပြင် သန့်စင်တဲ့ သူတော်စင်ဘဝကိုပါ စွန့်လွှတ်ပြီး အမိုက်မဲဆုံးလမ်းကို လျှောက်နေတဲ့ ချစ်ရသူကြောင့် ဝိညာဥ်ငယ်လေးဟာ အသံကုန်အော်ဟစ်ငိုကြွေးကာ ကိုရင်ငယ်ရဲ့ လုပ်ရပ်တွေကို ဝိညာဥ်လေးက ကြိုးစားကာ တားသော်လည်း သနားစရာကောင်းစွာ ကိုရင်ငယ်ဟာ ဝိညာဥ်ဖြူလေးရဲ့ အသံတွေကို ကြားနိုင်စွမ်းမရှိခဲ့ပါ ။
![](https://img.wattpad.com/cover/244143177-288-k129772.jpg)
YOU ARE READING
Don't take away !!
Poetry_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_