6😍
ဒေါက်..ဒေါက်..တံခါးတစ်ခါခေါက်လဲမရ၊နှစ်ခါခေါက်လဲမရ။ကိုတိကျတို့ရဲ့လစ်ဟင်းနေမှု့က... အိမ်သာကောင်လေးနဲ့တွေ့ပီးကတည်းက။အိမ်သာရှေ့မှာတွေ့လို့...အိမ်သာကောင်လေးလို့မှတ်ပစ်တာ။
"ဘောစ့် လက်မှတ်ထိုးဖို့ပါ"
"Aww..ok"ခုလဲကြည့် ခေါင်းတောင်မမော့လာ ဖုန်းထဲခေါင်းစိုက်နေတာ။
ကိုယ့်မှာ...သူ့PAသာဆိုတာ အခုများဆို...ရှိသမျှအလုပ်အကုန်သိမ်းကျုန်းလုပ်နေရတယ်။အရေးထဲ သူ့ဟာလေးအတွက်လဲလုပ်ပေးရ။ကိုယ့်မှာ... ပိတ်ရက်တောင် ဘယ်စီနေမှန်းမသိ။"ဘာလုပ်နေတာလဲ.. မသွားသေးဘူးလား"ကိုယ့်ကိုပြူးပြူးပြဲပြဲနဲ့စိုက်ကြည့်နေတဲ့ကိုမျိုးသိန်း။
"အမ်....ဟုတ်ကဲ့" ဘယ်လောက်တောင်စဥ်းစားနေမှန်းမသိ။ ရှေ့က ဒေါသကုမ္မာရ ပြောမှ အသိဝင်တယ်။
မဝင်လို့လဲမရ....မျက်နှာကတွန့်ချိုးနေပြီး......"Awwကိုမျိုးသိန်း...မနက်ဖြန် မိုးကုတ်သွားရမယ်"
"ဟုက်ကဲ့ဘောစ့်..အသင့်ပြင်လိုက်ပါမယ်"
အဘွား ကျောက်တွင်းတွေကို တစ်လတစ်ခါသွားကြည့်နေကြ..လူယုံတွေနဲ့လွှတ်ထားပေမဲ့ တစ်လတစ်ခါတော့သွားစစ်ရတယ်။မိုးကုတ်ကပြန်လာရင်တော့ အချစ်ကလေးနဲ့တွေ့ရမယ်။သူလေးကျောင်းပိတ်တုန်းလေး အဖြေရအောင်တောင်းမယ်။မကြာခင်လဲအသက်ပြည့်ပီဆိုတော့ ....ကိုယ့်အပိုင်သိမ်းပစ်တော့မယ်။
ကျောင်းပိတ်တော့ဒီဝက်ဝတီမကအိမ်ကို ချောင်းပေါက်နေတယ်။ခုလဲအိမ်ကိုမိုးမလင်းသေးဘူးရောက်နေပြန်ပီး။
"ဟဲ့...မိထက်မ ဘာတွေမျော်နေတာလဲ"မမေးလို့လဲမရ အိမ်ရှေ့ကိုလှမ်းလှမ်းကြည့်နေတာ..လည်လိမ်တော့မယ်။
ကိုယ့်ကိုမေးပြီးသူ့ဟာသူပြန်ဖြေနေတဲ့ ဝက်မ။
"Awww Milk Teaလေးကိုလား"
"မဟုတ်ပါဘူး"သူပြောမှပဲကိုယ်ကအရမ်းသိသာနေတာလား။
"မဟုတ်ပေလို့ပဲ ကြက်ကြီးလည်လိမ်ထားသလိုပဲ....ဒါနဲ့နိသူနဲ့တွေ့ဖူးပြီးလား...နိကိုလာမတွေ့ဘူးလား"
YOU ARE READING
💞 I love Being Yours💞 ( complete )
RomanceUnicode ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယောက်ထဲအတွက်ပဲ.... ဇွန်ထက်ပိုင် Zawgi ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယော...