12😍Unicode

2.1K 184 2
                                    

12😍Unicode

ကုတင်ပေါ်လှဲရင်း ဟိုလူကြီးဆီစာပို့လိုက်တယ်။

"ဒီမှာ...ခုနကအကြောင်းလေးပြန်ဆက်ရအောင်။ကျွန်တော့်ကို အိမ်သာရှေ့မှာ တွေ့ဖူးတယ်ဆိုလဲ စောစောကပြောပေါ့။ပြီးတော့ တစ်ခါထဲတွေ့ဖူးတာနဲ့ တန်းချစ်ရောလား ယုံချင်စရာ.....ဟွန့်"ပို့လိုက်တော့ ချက်ချင်း စာပြန်တယ်။ မသိရင်ကိုယ့်စာပြန်တာပဲစောင့်နေသလို။

"မဟုတ်ပါဘူး...အချစ်လေးအံသြအောင်လို့ပါ။ပြီးတော့....မြင်မြင်ခြင်းအချစ်လေ။ကိုယ့်ရဲ့...၂၈နှစ်လုံးငြိမ်သက်နေတဲ့နှလုံးသားလေးက မင်းလေး ရန်တွေ့နေတဲ့ပုံလေးက လှုပ်နိုးသွားတာလေ။မယုံလဲရတယ်...အနာဂတ်မှာ ကိုယ့်အချစ်တွေက မင်းလေးအတွက်ပဲ တည်ရှိနေမှာ။မင်းလေး စောင့်ကြည့်နေ"

ဟွန့်....မြင်မြင်ခြင်းအချစ်ပဲရှိရသေး။
စကားတက်တိုင်းလျောက်ပြောနေတဲ့ အဖိုးကြီး။ ပြောသာပြောနေတာနှုတ်ခမ်းစွန်းလေးတွေတော့ ကော့တက်ပြီး ပြုံးမိသွားတယ်။

"စကားတက်တိုင်း လျှောက်ပြောမနေနဲ့ နောက်ပြီး...ကျွန်တော့်ကို မိန်းကလေးထင်နေလား...ပန်းပေးရအောင်"ပို့လိုက်တော့.....

"မထင်ပါဘူး..အချစ်ရယ်။ကိုယ့်အချစ်တွေကို နှင်းဆီလေးတွေနဲ့ ပုံဖော်ပြီး...အချစ်လေးကိုပိုးတာလေ။
မိန်းကလေးမှ ပန်းပေးရတယ်လို့မရှိပါဘူး...အချစ်ရယ်" ချက်ချင်း ဆင်ခြေဆင်လက်က ထွက်လာတယ်။

"တော်ပါ...ခင်ဗျားစကားတက်တိုင်းလျှောက်မပြောနဲ့။နောက်ဆုံးတော့ အိမ်သာရှေ့က လူတဲ့...ရှက်ဖို့ကောင်းတာဗျာ.."တွေးမိမှ ရှက်လိုက်တာ...
မျက်နှာကရဲပီး... ပူတက်နေပြီး။

ပြောမှ ပိုဆိုးလာတဲ့ လူကြီး။

"အချစ်ကလဲ.... ရှက်စရာမဟုတ်ပါဘူး....ချစ်စရာပါနော်" သူပြောမှပဲ ကိုယ့်မှာ တစ်ကိုယ်လုံး ကြက်သီးတောင်ထတယ်။ရင်ထဲမှာ ကလိကလိနဲ့.....ဒီလူကြီးကတော့....

"အချစ်ချစ်နဲ့ မပြောစမ်းပါနဲ့....နာမည်ရှိတယ်"ပြောလိုက်တော့....

"မရပါဘူး.....အချစ်ပဲ....ကိုယ့်ရဲ့အချစ်ကလေးမို့ အချစ်လို့ခေါ်တာ"

ဟာ....ဒီလူကြီးကတော့...ပြောလေ ကဲလေ မန်းလေပြဲလေပါလား။
ပြောမှပဲ....သူ့နာမည်လဲခုထိမသိဘူး။

"ဒါနဲ့.... နာမည်ပြောဦးလေ"ပြောမှ

"ထက်ဦးထွဋ်........ အချစ်ကလေးခေါ်ရင် ထောက်လိမ့်မယ်။ ကိုကိုလို့ခေါ်လေ လေမကုန်တော့ဘူးပေါ့"

အမ်မား...နစ်နာနေဦးမယ် တော်တော့်ကို။

"ချီး...ကိုကို...လျှာယားတာ"ပြောတော့။

"ဒါပဲနော်...ကိုယ်ပိုးနေတာကြာပြီ။ကိုယ်နောက်တစ်ပတ်ပြန်ရောက်မှာ။မင်းလေး အဖြေပေးဖို့စဥ်းစားထား...ကိုယ်လိုချင်တဲ့အဖြေပဲပေးရမယ်"

အမ်မယ်....လာလာချေသေးတယ်။
စုတောင်းလေ...ဟွန့်။

"စုတောင်းလေ ဘုရားစုံပတ်ဖူးပြီး"

"စုတောင်းစရာမလိုဘူး...ပြည့်မှာ။ဒါပဲနော်..ကိုအလုပ်လုပ်ရတော့မယ်"

ဖြစ်ရလေ....ဟွန့်။
________________________________________________________________________

💞 I love Being Yours💞 ( complete )Where stories live. Discover now