16😍U+Z

2K 159 2
                                    

16😍Unicode

မှာထားတာတွေစောင့်နေရင်း
fbရဲ့သတင်းဦးသတင်းထူး အတင်းတွေကိုလိုက်ကြည့်နေတယ်။

"ပိုင်လေး..ငါမေးတာဖြေနော်။"
ဝက်မပြောလို့ဖုန်းပွတ်တာရပ်ပြီးပြောလိုက်တယ်။

"အင်းးးးဘာမေးမလို့လဲ။"

"နင်ဟိုလူကြီးကိုကြိုက်နေပြီလား။"
မေးလိုက်တော့....နှာထင်လေးကိုကုက်ပြီးဖြေတယ်......မရေရာမသေချာတဲ့အဖြေ။

"အင်းးးးးဘယ်လိုပြောရမလဲ။"

ဝက်မမေးမှဘဲစဥ်းစားမိတယ်
ကိုယ်လည်းဘယ်လိုမှန်းမသိဘူး။
ကြိုက်လား၊မကြိုက်လားမပြောတတ်ဘူး။သေချာတာကတော့သူကကိုယ့်စိတ်ထဲမှာမသိမသာနေရာယူနေပြီ။

"အမ်းးးးနင့်ဟာကြီးကလဲ ကြိုက်ရင်ကြိုက်တယ်ပေါ့။မကြိုက်ရင်မကြိုက်ဘူးပေါ့။"

ကြိုက်ရဲ့သားနဲ့ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။မကြိုက်ဘူးသာပြော
တယျဟျိုတဈယောကျအကွောငျးပွော
ရင်မျက်နှာကြီးကရဲလို့။
"အာ.....နင်ကလဲ.....နောက်ကျသိမှာပေါ့။"

ဒီဝက်မနဲ့တော့အမေးအမြန်းထူတာရှက်ပါတယ်ဆိုမှ။
တော်သေးတယ်စားစရာတွေလာချပေးလို့ဝက်မအပေါက်ပိတ်သွားတာ။
ဒါတောင် အင်တင်တင်မျက်နှာဘေးနဲ့ဝက်မ။
စားပြီးသောက်ပြီးတော့နှစ်ယောက်
သားရုပ်ရှင်ရုံစီထွက်လာလိုက်သည်။

"နင်လက်မှတ်ဝယ်လိုက်။ငါမုန့်သွားဝယ်လိုက်မယ်။"
ဝက်မကိုပြောလိုက်တော့..။

"အေးးးးမရမ်းပေါင်းနဲ့ကွာစေ့ပါဝယ်လာနော်။"

"အေးပါ။"
မုန့်ဆိုင်တွေဆီလှည့်ထွက်ခဲ့သည်။မုန့်ဆိုင်ရှေ့ရောက်တော့လူတွေကြိတ်ကြိတ်တိုးနေတာကိုကြည့်ပြီး
ကြက်သေ သေသွားတယ်။

"ငါလက်မှတ်ဝယ်လိုက်ရမှာကွာ။"

လူတန်းကြည့်ပြီးစိတ်ညစ်သွားတယ်။
မဝယ်လို့လဲမရ...ဝက်မနဲ့ကိုယ်ကရုပ်ရှင်ကြည့်ရင်ပါးစပ်ထဲတစ်ခုခုထည့်လိုက်ရမှလေ။
ဒါနဲ့ပဲကိုယ်လဲတိုးပြီးမုန့်ဝယ်ရတာပေါ့။ကိုလာနှစ်ဘူးနဲ့မုန့်ထုပ်ကြီးလက်မှာချိတ်၊ရေဘူးကအစစ်ပါသေး။ကိုလာမဖိတ်အောင်လို့လူတွေရှောင်ပြီးထွက်လာရတယ်။ လူရှင်းတဲ့နေရာရောက်မှဘဲသက်ပြင်းချမိတော့သည်။

💞 I love Being Yours💞 ( complete )Where stories live. Discover now