9😍Unicode

2.2K 183 3
                                    

9😍Unicode

မိုးဦးအစမနက်ခင်းရဲ့ နေရောင်ခြည်လေးဟာ နွေးထွေးလွန်းလှတယ်........။
ခြံနောက်ဘက် တောအုပ်လေးရဲ့ လမ်းကလေးမှာတော့ ခန္ဓာကိုယ်တောင့်တင်းပြီး အရပ်ရှည်ရှည်ကောင်ချောလေးတစ်ယောက်ပြေးလို့နေတယ်။
သူ့ကိုမနက်ခင်းနေရောင်ခြည်လေးတွေက ကွက်ထိုးနေသလိုပါပဲ လင်းလက်တောက်ပပြီး သဟဇာတဖြစ်လို့နေတယ်။

အမြဲလှန်တင်နေကြဆံပင်တွေဟာ မျတ်နှာရှေ့မှာ ချွေးစလေးတွေနဲ့ အလုအယှက် နေရာယူလို့နေကြတယ်။
ဖြောင့်စင်းနေတဲ့နှာတံ၊စူးရှလေးနက်တဲ့ မျတ်ဝန်းတစ်စုံကို မျက် တောင်စိပ်စိပ်လေးတွေကဝန်းရံလို့ထားတာဟာ
သူ့က ဘယ်လောက်ထက်မြတ်လဲဆိုတာပြနေသလို။နှုတ်ခမ်းမထူမပါး အညိုရောင်လေးနဲ့ အောက်ဖက်ညာထောင့်က မဲ့နက်လေးဟာ သူ့ရဲ့မျက်နှာလေးကို ပိုပြီးခန့်ညားမှု့ကိုပြသနေတယ်။ရှည်လျားတဲ့အရပ်၊six parkအပြည့်နဲ့ ခန္ဓာကိုယ်ဟာ အားကစားဝတ်စုံလေးက သူ့ရဲ့ ခန့်ညားမှု့ကို မတွန်းလှန်နိုင်ဘူး။

ဒါတောင် ငါ့ဘောစ့်ကဘာလို့ကွေးသွားရတာလဲ။ကမ်းလှမ်းလာတဲ့ လုပ်ငန်းရှင်သားသမီးတွေ၊အောင်မြင်တဲ့အမျိုးသမီးတွေဝိုင်းဝိုင်းလည်နေပါရဲ့နဲ့
ဘာလို့လဲ........ဘာလို့လဲ။ငါ့လိုအဖြောင့်စစ်စစ်လေးရဲ့ဘေးမှာကျ ဘာလို့တစ်ယောက်မှမရှိရတာလဲ။ငါလဲဘောစ့်လောက်မဟုက်ပေမဲ့ ခန့်ခန့်ကြီးနဲ့ဆန့်ဆန့်ကြီးပဲလေ.....။

မနက်ခင်းတောအုပ်လေးတစ်ပတ်ပြေးပြီး အိမ်ရှိရာပြန်ပြေးလာခဲ့တယ်။အိမ်နောက်ဘက် ကြာကန်ဘေးရောက်တော့ မတ်တပ်ကြီးမေ့နေတဲ့ ကိုမျိုးသိန်း။အလုပ်မှာတိကျပေမဲ့ တစ်ခါတစ်လေမတ်တပ်ကြီး အတွေးလွန်နေတက်တဲ့ လူပျိုကြီး။

"ကိုမျိုးသိန်း......ဘာဖြစ်နေတာလဲ"ပြောမှ ပြူးပြူးပြဲပြဲနဲ့.....။

"မဟုတ်ပါဘူး...ဘောစ့် အိမ်အကြောင်းတွေးမိလို့ပါ"
ဖက်.....စဥ်းစားတုန်းရှိသေး ဘယ်လိုအရှေ့ရောက်လာတာလဲဟ။

"ဘောစ့် မေမေကြီးဆီကဖုန်းလာပါတယ်။ဘောစ့် ဖုန်းပြန်ဆက်ပေးပါတဲ့။"

"Ok.. ကုမ္ပဏီကိုအကြောင်းကြားလိုက် ဒီနေ့တစ်ခါတည်း ကျောက်တွင်းဘက်ပါသွားစစ်မယ်။အကုန်အဆင်သင့်ပြင်ထားကြပါလို့"

"ဟုတ်ကဲ့ဘောစ့်"

ကိုမျိုးသိန်းကိုပြောပြီး မီးဖိုချောင်ထဲဝင်လာလိုက်တယ်။ကော်ဖီတစ်ခွက်ဖျော်ပြီး အခန်းဆီ တက်သွားလိုက်တယ်။ရေချိုးဖို့ချွေးတိတ် စောင့်ရင်း
အချစ်ကလေးဆီ စာပို့ရမယ်။

"မောနင်း....ကောင်လေး"

"ဒီနေ့ Milk Teaနဲ့ ပန်းစည်းအပြင် မင်းလေးကြိုက်တဲ့ phooအရုပ်လဲထည့်ပေးလိုက်တယ်။ကိုယ်လိုမှတ်ပြီး ညတိုင်းအနားမှာထားအိပ်နော် ချစ်ရတဲ့ကောင်လေးရေ" စာပို့ပြီးတော့ မေမေကြီးဆီဖုန်းဆက်လိုက်တယ်။

" ဟလို မေမေကြီး"

"အမလေး.....ဘယ်တော့မှဒီအဖွားကြီးဆီ ဖုန်းစမဆက်ဘူး။အဲ့မှာ အဆင်ပြေရဲ့လား မြေးလေး"

"ပြေပါတယ်"

"အေးအေး မြေးရေ ကိုမိုးဟိန်းက သူ့သမီးကို ရန်ကုန်အလည်လွှတ်ရင်း ကုမ္ပဏီကို လေ့လာချင်လို့တဲ့။အဲ့ဒါအဘွားက အိမ်မှာတည်းခိုင်းမို့"

"ဟုတ်..အဲ့တော့"

"မြေးလေး ပြန်လာရင် သူ့ကိုပါတစ်ခါထဲခေါ်လာခဲ့ပါလား။မိန်းကလေးတစ်ယောက်ထဲဆိုတော့လေ"

"အာ....မေမေကြီးကလဲ ရှုပ်ရှုပ်ရှက်ရှက်"

"မရဘူး....တစ်ခါထဲခေါ်ခဲ့"

"ပြီးရောဗျာ....ဒါပဲမေမေကြီး"

"အေးအေး....မြေး.....အမယ်လေးစကားကိုဆုံးအောင်တောင် နားမထောင်ဘူး။"

မေမေကြီးဖုန်းကို ချပြီး ရေချိုးခန်းထဲဝင်လိုက်တယ်။

ဟက်....ကိုယ့်ကပ်မရတော့ အဘွားဆီကပ်တယ်။ဘာတဲ့...မိန်းကလေးမို့တဲ့...ရယ်ရတယ်....ဆေးတောင်နိုင်ငံကူးပြီးမှောင်ခိုလုပ်တဲ့ မိန်းမကရန်ကုန်ကိုတစ်ယောက်ထဲမလာနိုင်ဘူးပေါ့။

💞 I love Being Yours💞 ( complete )Tempat cerita menjadi hidup. Temukan sekarang