35😍 Unicode

1.2K 81 3
                                    

35😍

ဒီနေ့မျောက်ပေါက်လေးကိုထိန်းရတာဖက်ဖက်ကိုမောလို့ပင်။မနက်ဆယ်နာရီထဲက လည်လိုက်တဲ့အလည်က ဆင်စခန်းရောက်တော့...ဆယ့်နှစ်ကျော်နေလေပြီး။ဆယ်ဖီပေါင်းသောင်းခြောက်ထောက်ရိုက်ကာ ကိုယ်လဲမအားပေ။သူပေးသမျှ ပိုစ်မျိုးစုံကိုလဲ ဒေါင့်ပေါင်းစုံမှ ရိုက်ပေးရသေးသည်။

"ဟူးးးးးးမှောထှာကိုကိုရယ်"အမ်မယ် သူကပြောရတယ်ရှိသေး ထီးတစ်ဖက်ရေဘူးတစ်ဖက်နဲ့အတူ သူ့လိုက်ဆွဲရတဲ့ကိုယ့်မှ အားမနာ။

"အာ့ကြောင့်ကိုကိုပြောတာ စောစောထပါဆို...။ဆောင်းဦးဆိုတော့ ပူတယ်ချစ်ရဲ့.... ရေသောက်လိုက်ဦး။ခနနားပြီးရင် နေ့လယ်စာသွားစားကြမယ်။"

ရေဗူးအားပေးလိုက်ကာ နှာဖူးလေးမှခြွေများကိုသုပ်ရင်းပြောလိုက်သည်။

"ကိုကိုကလဲ....ကျွန်တော်ကခရီးပန်းလာလို့ပါ့နော်.....။"

ရေသောက်ရင်းပြန်ဖြေနေသောချစ်လေး။နေပူ၍ မျက်နှာတစ်ခုလုံးနီရဲနေလေသည်။ကြယ်လေးလိုတောက်ပသောမျက်လုံးလေးများဖြင့်ကြည့်ကာ....ရေဆို၍နှုတ်ခမ်းလေးတွေက ပြောင်လဲ့လဲ့လေးဖြစ်နေတော့ မြင်သူတစ်ကာကို လာနမ်းပါလို့ ဖိတ်ခေါ်နေသယောင်။

"ဟုက်ပါပြီးကွာ.....ကိုယ်မှားတာပါ။"

ရွှင်းလဲ့နေသောနှုတ်ခမ်းရဲရဲလေးအား ဖျတ်ခနဲနမ်းရင်ပြောလိုက်တော့.....။

"ကိုကို....လူတွေနဲ့လေ။ဘယ်လိုဖြစ်နေတာလဲ.....။"
အရေပြားပါးသူလေးကတော့ ရဲပလောင်းခက်လို့နေလေသည်။ရှက်၍ပဲလား နေပူရှိန်ကြောင့်လားမသိပေ။

"အိုး....ချစ်လေးဘေးလဲကြည့်လိုက်ဦး...ဘယ်သူများရှိလို့လဲ။"

ထက်ဦးထွဋ် တစ်ယောက်
အရှက်သည်းသူလေးရဲ့ နှားခေါင်းလုံးလုံးလေးအား...ဆွဲကာ တစ်ဟားဟားအော်ရယ်လိုက်တော့သည်။

"ကိုကို!!"

အကျယ်ကြီးအော်ကာ ကိုကို့အား မျတ်စောင်းထိုးလိုက်သည်။ဟုက်တော့လဲဟုက်သည်၊ဒီနေ့လည်တဲ့ကျွန်းတိုင်းမှာ အပြင်လူမရှိကာ ခမ်းလှမ်းလှမ်းနေရာများမှာ ကိုကိုသက်တော်စောင့်တွေသာရှိသည်။

"ကဲပါနှုတ်ခမ်းလေးကိုပြန်သိမ်းလိုက်။ကိုယ်တို့နေ့လည်စာကို
ပင်လယ်စာ စားမှာမှတ်လား....။"

"ဟုက်..."
အစားစာဆိုတာနဲ့ချက်ချင်းဘလင်းဘလင်းဖြစ်လာတဲ့မျက်လုံးကလေးတွေ။အသည်းယား၍နှဖူးလေးအားနမ်းလိုက်ကာ ချစ်ရဲ့လက်လေးကိုဆွဲကာ ပင်လယ်စာဆိုင်သို့ထွက်လာလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Villaပြန်လာတော့ နှစ်နာရီကျော်ကျော်ပဲရှိသေးသည်။ဇွန်ထက်ပိုင်တစ်ယောက် အစာအဆီရစ်၍ တစ်ဝါးဝါးဖြင့်သန်းနေလေသည်။

"ဝါးးးးးကိုကိို ရေသွားဆော့တော့မလား။"
မျက်ဝန်းလေးထဲ၍မျက်ရည်တွေရစ်သိုင်းလျက် ပြောနေသောအချစ်လေး။

"နေတောင်မကျသေးဘူးချစ်ရယ်။ချစ်အိပ်ချင်နေတာ တစ်ရေးလောက်အိပ်လိုက်ပါလား။ညနေမှ ကမ်းခြေလမ်းလျောက်ကြရင် ဆော့ကြမယ်လေ ဟုက်ပြီးလား။"

"အွန်းးးး.....အာ့ဆို ကိုကိုချီး။"
ဘေးမှာထိုင်နေရင်းကို ချက်ချင်းပေါင်ပေါ်လာကာ လည်ပင်းအားဖက်၍ ပုခုံးပေါျခေါငျးလေးမှိီကာခြှဲနတေော့သညျ။

"ဟုက်ပါပီကွာ.....ကိုကိုအချွဲလေးရယ်။"

အချွဲလေးအားချီကာ အပေါ်ထက်ကအိပ်ခန်းရှိရာသို့ ချီလာလိုက်သည်။
အချွဲလေးအိပ်ပျော်သွားတော့မှအောက်ထပ်ဆင်းလာခဲ့သည်။အောက်ရောက်တော့ ကိုမျိုးသိန်းမှအဆင်သင့်စောင့်နေလေသည်။

"အားလုံးအဆင်ပြေလား..။"

"ဟုက်ဘောစ်...ဖမ်းသွားပါပြီး။မိုးမမလဲ ချက်ချင်းပြန်သွားပါတယ်။"

"မိုးမမလုပ်ထားတာတွေ သေချာပြင်ထား...။"

"ဟုက်..အဆင်သင့်ပါပဲဘောစ့်။"

"မနက်ဖြန် ပြန်မယ်။အဆင်သင့် လုပ်ထား။"

"ဟုက်ကဲ့ဘောစ်။"

မှာစရာရှိတာမှာပြီးထက်ဦးထွဋ်တစ်ယောက် အပေါ်ထက်သို့ပြန်တက်လာလိုက်သည်။အချစ်လေးအားဖက်တစ်ရေးတစ်မော အိပ်မို့ပင်ဖြစ်သည်။

**********************************

ဖတ်ပေးတဲ့ အချစ်လေးတွေ ကျေးဇူးပါနော်😘😘😘voteပေးတဲ့အချစ်လေးတွေလဲ ကျေးဇူးပါနော်😘😘😘Reading listထဲထည့်ပေးလို့လဲကျေးဇူးတင်ပါတယ်နော်😍😍ချစ်တယ်😘😘

💞 I love Being Yours💞 ( complete )Where stories live. Discover now