29 Unicode 😍

1.3K 81 3
                                    

29😍

မိုးမမတစ်ယောက် ထက်ဦးထွဋ်ချစ်သူဆိုသူကိုစုံးစမ်းခိုင်းထားတဲ့သူဆီထွက်လာခဲ့သည်။

ချိန်းထားတဲ့ကော်ဖီဆိုင်ထဲဝင်ထိုင်တော့...

"ဝိုးးးးမမတို့က မတွေ့တာကြာလို့အတော်တောင်လှနေပါလား"

"အပိုစကားတွေမပြောနဲ့.... ရာမ။ဘယ်မှာလဲ ငါရှာခိုင်းတဲ့လူအကြောင်း။"

"ဖြည်းဖြည်းပြောကြတာပေါ့....ငါ့မှာ မင်းကိုတွေ့ချင်လို့ကိုယ်တိုင်လာတာကို..."

ရာမဆိုတာ မိုးမမနဲ့ လုပ်ငန်းပါတနာတွေပင်။ရာမက အမှောင်ဂိုဏ်းထဲမှ လူပင်...ဘယ်သူ့အကြောင်းသိချင်ချင် သူ့ဆီမှာ အမြန်ရှာလို့ရသည်။ ကြေးကြီးပေမဲ့...လို့။

"သောကျပိုတှသေိပျမလုပျနဲ့...ပေးစရာရှိတာပေး။"

"အေးပါ...ရော့ ဒါအကုန်ပဲ.....ထွေထွေထူးထူးမရှိပါဘူး။ပြီးတော့....နိဟာကြီးက ဂေးနေတာ...ဟားးးဟားးးး"တစ်ဖြဲနှစ်ဖြဲအော်ရယ်နေတဲ့ရာမ။

"ဘာ..."

"ဟုက်တယ်....အဲ့လိုဂေးဆီမှာ ဘာလုပ်ဖို့လဲ.....နင်စိတ်ချမ်းချမ်းသာသာနဲ့....ငါ့ဆီသာလာစမ်းပါကွာ..."ဘီးလူးသံပုရာသီးစားထားတဲ့ရုပ်နဲ့ပြောလေသည်။

"ကွေးနေတာကို....ငါကရအောင်ဖြောင့်ပေးမှာ။နင့်က သူ့ခြေဖျားတစ်ဝက်တောင်မှီလို့လား....တန်းမညှိနဲ့။"

"အေးပါကွာ.....မင်းကငါတို့လိုမဟုက်ဘူးဆိုတော့....။လျော့မတွက်နဲ့နော်ထက်ဦးထွဋ်ကို...အမြင့်မှန်းတာ ခွေးကျကျမှ...ရာမဆိုပြီးလာမလုပ်နဲ့...။ငါသွားပြီး....."

ရာမဆိုသူထွက်သွားမှ အိတ်ထဲကဖိုင်ကိုထုက်ကြည့်လိုက်သည်။

ဟမ့်....နင်က ကိုထွဋ် ကိုကွေးအောင်လုပ်တဲ့သူပေါ့။သူငယ်နှပ်စားလေးက...ရုပ်ကလဲယောကျ်ားမဟုက်တဲ့အတိုင်း....။နင်က ငါ့လက်ထဲက ကိုထွဋ် ကို လုချင်သေးတယ်ပေါ့....မိုးမမအကြောင်းကောင်းကောင်းသိမယ်။
ဖိုင်ထဲကဖုန်းနပက်ကိုနိုပ်ကာ....ခေါ်လိုက်သည်။

"Hello....ဇွန်ထက်ပိုင်လား။"

"ဟုက်ကဲ့...ကျွန်တော်ပါ..."

💞 I love Being Yours💞 ( complete )Dove le storie prendono vita. Scoprilo ora