40😍
ညနေငါးနာရီထိုးတော့နှင်းရတီအိမ်လာခေါ်သည်။ဇွန်ထက်ပိုင်လဲဒီနေ့ကိုကိုလက်ဆောင်ပေးထားသောအကျီကိုဘောင်းဘီတိုလေးနဲ့ဝတ်ကာကိုကိုပေးတဲ့ဖိနပ်လေးအားစီးလိုက်သည်။
"အမ်မယ်...မိပိုင်မ လန်ထွက်နေပါလား။"
hodieလိမ္မော်ရောင်လေးကို pantအနက်ဒူးပေါ်လေးဖြင့်ဝတ်ကာ
အရမ်းကိုဖြူသန့်နေကာချစ်ဖို့ကောင်းနေလေသည်။ဟိုလူကြီး
သည်းသည်းလှုပ်တာလည်းမပြောနဲရုပ်ခံကိုကဘလင်းဘလင်းဖြစ်နေတာကိုး။"ငါ့ကိုကိုပေးထားတာလေ။"
ကြုံတုန်းလေးနှစ်တစ်သောင်း
faမအားကြွားလိုက်သည်။"အမလေးနော်....... ကြွားနိုင်တဲ့သူဆိုတော့ကြွားပေါ့အေး....။"
မဲ့ကာရွဲ့ကာဖြင့်နှစ်တစ်သောင်းfaမတစ်ယောက်အရှိုက်ထိသွားလေသည်။
"သွားမယ်....ရုပ်ဆိုးပါတယ်ဆိုမှ ထော်လန်နေတော့.....ငါ့ကိုလန့်သေအောင်လုပ်မလို့လား.....။"
"ဟွန့်....။"
ခြေစောင့်ကာထွက်သွားသောဝက်မ။
ကန်တော်ကြီးထဲရောက်တော့ တံတားလေးအား တစ်ပတ် ပက်လျောက်ကာ လေညင်းခံသည်။ချစ်သူများကျွန်းကို ဝက်မကခေါ်လာတော့ ကိုလည်းလ်ိုက်လာခဲ့သည်။အတွဲလေးများလဲ ဟိုတစ်စုဒီတစ်စုနဲ့ သာယာကြည်နူးနေကြသည်။ဟွန့်.....ဟိုအဖိုးကြီးကြောင့် နှောက်ဆို သူနဲ့လာရင်ပိုပျော်ဖို့ကောင်းမှာ....။"အားလားလား....မိပိုင်ငါဗိုက်နာနေပြီး။ငါအိမ်သာသွားဦးမယ်..... လိုက်ဦးမလား...။"
တွန့်လိမ်ကာ ပြောနေသော ဝက်မ....။
"မလိုက်တော့ဘူး.....ငါဒီမှာစောင့်နေမယ်။မြန်မြန်ပြန်တော့လာ....။"
"အေးပါ...။"
ဝက်မတွန့်လိမ်တွန့်လိမ့်နှင့်ထွက်သွားတာကိုကြည့်ရင်း ဇွန်ထက်ပိုင်တစ်ယောက် ခေါင်းရမ်းမိသည်။သူ့ကိုယူမဲ့ လူကောရှိရဲ့လား ဒီလိုမရှက်တက်ပုံနဲ့။
နှင်းရတီလဲ ဇွန်ထက်ပိုင်မမြင်နိုင်တဲ့နေရာရောက်မှ ထက်ဦးထွဋ် အားဖုန်းခေါ်လိုက်သည်။
YOU ARE READING
💞 I love Being Yours💞 ( complete )
RomanceUnicode ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယောက်ထဲအတွက်ပဲ.... ဇွန်ထက်ပိုင် Zawgi ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယော...