8😍Unicode

2.2K 183 0
                                    

8😍Unicode

ထက်ဦးထွဋ် တစ်ယောက်ရုံးက ပြန်ရောက်တော့ ရေမိုးချိုးပြီး အောက်ဆင်းလာ​ပြီး ထမင်းမစားတော့ဘဲ
ဝိုင်ခန်းထဲဝင်ပြီး ဝိုင်တစ်လုံးပဲယူလာခဲ့တယ်။ဒီမိုးကုတ်အိမ်မှာက ထမင်းချက်နဲ့ ခြံစောင့်ရှိပေမဲ့ ရန်ကုန်အိမ်မဟုတ်တော့ အိမ်မှာသိပ်မစားဖြစ်ဘူး။ညနေစာလဲသိပ်မစားချင်တော့ ကိုမျိုးသိန်းကို မစီစဥ်ခိုင်းလိုက်တာ။

စာကြည့်ခန်းထဲရောက်တော့
ဝိုင်လေးတစ်ငုံသောက်လိုက်တော့ စိတ်ထဲလန်းဆန်းလို့သွားတယ်။
ကိုယ်က ဝိုင်ချစ်သူဆိုတော့ ဝိုင်အမျိုးမျိုးကိုစုထားတယ်။

လပ်တော့တစ်လုံးနဲ့ အလုပ်လုပ်လိုက်တာဆယ့်တစ်နာရီထိုးနေပြီး။အလုပ်တွေပြီးချိန်မှာတော့ အချစ်ကလေးက အတွေးထဲရောက်လာတယ်။သက်​‌တော်စောင့်ဒီနေ့ပို့ထားတဲ့ပုံတွေကြည့်တော့ ပိုတောင်လွမ်းလာတယ်။

"အချစ်လေး...အိပ်နေပြီလားမသိဘူး" စာပို့ကြည့်မှပဲ။

"Hi...အိပ်ပြီလားကောင်လေး"ငါးမိနစ်လောက်နေမှ ပြန်စာလာတယ်။

"No"တစ်လုံးတည်း....ကပ်စေးနဲလေး။

"ဘာလုပ်နေလဲ..နောက်ကျနေပြီလေ"
ပြောတော့ ချက်ချင်းကို ပြန်ပို့တာ.....

"ဘာလုပ်လုပ်ပေါ့... ခင်ဗျားအပူပါလား..ခင်ဗျားနဲ့ဘာဆိုင်လို့လဲ.."

အမလေးလက်သွက်ချက်....ချက်ချင်းကို ပြန်စွာတာ...ကိုယ့်အစွာလေး။
ကိုယ်လဲအရှည်ကြီးမပြောတော့ဘူး.....

"ချစ်တယ်"ဆယ့်ငါးမိနစ်လောက်ထိ ပြန်စာမလာတော့ဘူး။ချစ်ဖို့ကောင်းလိုက်တာ။

ဟက်....ရယ်တာအသံတောင်ထွက်သွားတယ်။
ကိုယ့်ဘဝမှာ မိဘတွေဆုံးပြီးထဲက
ရယ်ဖို့မပြောနဲ့ပြုံးဖို့တောင် ခဲယဥ်းသွားပြီး။ကိုယ့်ဘဝထဲမင်းလေးဝင်လာမှ ပျော်ရွှင်မှု့တွေ၊ကြည်နူးခြင်းတွေဟာဖြစ်ပေါ်လာခဲ့တယ်။သိပ်ချစ်တယ် အချစ်လေးရယ်။

တစ်ဖက်အိပ်ခန်းတွင်တော့ ခေါင်းအုံးကိုတစ်ဘုန်းဘုန်း ထုနေတဲ့ မျက်နှာရဲနေပြီး ပါးစပ်စိလို့မရတဲ့ကောင်လေးတစ်ယောက်။

"ဘာ...ချစ်တယ်""အီးးးးးးးဘယ်လိုလူကြီးလဲမသိဘူး"

ဖုန်းကိုပြန်ကြည့်ပြီး ခြေနှစ်ချောင်းမိုးပေါ်ထောင်ပြီး ခြေထောက်တွေကို လှုပ်ယမ်းပြီး ဒုတိယံမိ အရှက်သဲပြန်တဲ့ ဇွန်ထက်ပိုင်။

ဒီလူကြီး လူကိုအမျိုးမျိုး ခြွေနေတယ်။ရင်ထဲအကောင်ကလဲ အထီးမှန်းမသိ၊အမမှန်းမသိ စွတ်စက်ခုန်နေတယ်။

"ဟူးးးးးးးမသိတော့ဘူးကွာ"

ဒီလိုညလေးမှာဆိုရင်ဖြင့် ကောင်လေးနှစ်ယောက်လုံးဟာ ရင်ခုန်ခြင်း၊ကြည်နူးခြင်းတို့ဖြင့် ချစ်ရသူ​တွေကို
​အိမ်မက်ထဲ အလည်ခေါ်ရင်း.....
နေ့သစ်ကိုကြိုဆိုဖို့ အေးချမ်းစွာ အိပ်စက်လိုက်ကြပါတော့တယ်။
------------------------------------------------
တစ်ကယ်တော့...အချစ်ဆိုတဲ့အရာဟာ အချိန်မရွေး၊နေရာမရွေး၊လူမျိုးမရွေး၊Genderမရွေး ဝင်လာတက်ကြတယ်။

အချစ်ဆိုတာနဲ့ ပေါင်းဖက်လို့မရသလို
အချစ်၊ဖူးစာရယ်ရှေးရေစက်တို့ပေါင်းမှ တစ်သက်မခွဲပဲ ဘဝနေဝင်ချိန်ထိ အတူရှိနိုင်မှာပါ။

အချစ်ကGenderမခွဲထားပါဘူး။
ကိုယ့်နှလုံးသားရဲ့ စေညွှန်ရာအတိုင်း
ကျား/မ မရွေး အချစ်က ပေါက်ဖွားလာတာပါ။

ကိုယ့်ရဲ့ ဖြစ်တည်လာတဲ့အချစ်ကို
တန်ဖိုးထားပြီး ရွေးချယ်လိုက်ပါ။
-------------

💞 I love Being Yours💞 ( complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ