33😍Unicode

1.3K 92 6
                                    

33😍

မနက်ခင်းရဲ့နေရောင်ခြည်လေးက နွေးထွေးလို့နေတယ်။ပင်လယ်ဆီက လှိုင်းလုံးလေးများကလဲ...ကမ်းခြေသို့ တစ်ဝုန်းဝုန်းနဲ့လာရိုက်ခက်လို့နေလေသည်။

ဇွန်ထက်ပိုင်တစ်ယောက် လှိုင်းသံများကြောင့် အီးအီးအဲအဲဖစ် တွန့်လိမ်ကာနိုးလာခဲ့သည်။ဘေးနားမှ ကြမ်းရှရှအသံကြားမှ လန့်ကာ သူဘယ်ရောက်နေမှန်းသိတော့သည်။

"အိုးးးဒါလေးကမနက်ခင်းအလှလေးပေါ့.....။"ဟုက်သည် နိုးလာထဲက အီးအဲအော်ကာ တစ်ကိုလုံးတွန့်လိမ်နေသည်။ဆံပင်လေးကလဲရှုပ်ပွနေကာ မျက်နှာလေးကပြည့်ဖောင်းလို့နေလေသည်။အိပ်ရာနိုးခါစမို့ မျက်နှာလေးက ရဲနေကာ နှားခေါင်းထိပ်လေးကနီရဲရဲလေးဖြစ်နေသည်။နှုတ်ခမ်းလေးက ဖူးပွင့်ကာစ ပန်းလေးတစ်ပွင့်နှယ်ဖြစ်နေလေကာ အနမ်းများပေးလှည့်ပါလို့ဖိတ်ခေါ်နေသယောင်။

"အာ...ကိုကိုကလဲ..."ပျက်တောင်းပျက်တောင်းဖြစ် ပြန်ပြောကာ ကိုယ့်ခါးကိုယ်ဖက်ရင်း ပြန်နှပ်နေပြန်သည်။

"အချွဲလေး...အိပ်ရေးမဝသေးဘူးလား..."ကျောလေးကိုသပ်ပေးရင်းမေးလိုက်တော့...။

"အင်း...ပျိစိလေးအိပျခငြျသေးတယျ။"
ကိုယ်ရင်ဘက်အား...ခေါင်းလေးဖြင့်ပွတ်တိုက်ရင်းဖြေလေသည်။

"ဘာလို့အာ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲကွာ....။"
နှဖူးလေးကို နမ်းရင်ပြောလိုက်တော့။

"ကိုကို့ချစ်သူမို့လို့..."

ကြွေစရာမရှိတာကိုခြွေနေသောချစ်လေးပါပဲ။

ဒီဘက်က ရာသီဥတုကကောင်းပြီးတစ်ဖက်မှာတော့....ကိုမျိုးသိန်းတစ်ယောက် ခေါင်းမီးတောက်နေလေသည်။ဘောစ်မှာထားတဲ့အတိုင်း မိုးမမကိုဟိုတယ်မှာထားတော့....ဟိုမိန်းမခင်ဗျာ....ဆက်ဆက်ကိုညံလို့။

"ဘာ.....ဒါဆို ငါ့ကိုကျ ဟိုတယ်မှာထားပြီး သူတို့နှစ်ယောက်က villaမှာနေကြတယ်ပေါ့...တွေ့မယ်...တွေ့မယ်...။ငါ့ကို ခုချက်ချင်း အဲ့ကိုလိုက်ပို့စမ်း...။"

"ဒါ...ဒါကလေ...ဘောစ်အမိန့်မရဘဲ ပို့လို့မရဘူးဗျ...။"

"မရဘူး..ခုသွားမယ်.....။"ဇိုးဇိုးဇက်ဇက်ဖြင့်ထွက်သွားသောမိုးမမ။
ကိုမျိုးထက်လဲဘောစ်ဆီလှမ်းအကြောင်းကြာကာထွက်လိုက်ရလေတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~

💞 I love Being Yours💞 ( complete )Where stories live. Discover now