10😍Unicode

2.2K 179 2
                                    

10😍Unicode

ကိုယ်တို့အိမ်ရဲ့မနက်စာဝိုင်းလေးဟာတိတ်ဆိတ်လို့နေတယ်။အမေကကော်ဖီသောက်ရင်း သူ့စိန်အဝင်တွေကိုစစ်နေတယ်။ကိုယ်ကတော့နို့လေးသောက်ရင်း မနေ့ညကအကြောင်းကိုစမြုံ့ပြန်ရင်း ကလိကလိနဲ့ရင်ထဲမှာ။

"သားပိုင်မွေးနေ့နီးပြီ...ဘာလုပ်ချင်လဲသားလေး၊ဘာလိုချင်လဲ"မေမေ
မေးမှဘဲအတွေးရပ်တော့တယ်။

"ဘာမှမလုပ်ဘူး၊မားလဲမအားဘဲနဲ့ မားပြန်လာမှကိတ်ခွဲကြမယ်လေ။ဝက်မတို့နဲ့အတူတူ"

"ဟုတ်ပြီ။မေမေမှာထားပေးမယ်။လက်ဆောင်ကကော"

"သားစဥ်းစားလိုက်မယ်၊နောက်မှဘဲ။"

"ဟုတ်ပြီ...ဒါဆိုမားသွားတော့မယ်။"
တစ်ရက် ကလေးစောစောထပါတယ်...မားကအလုပ်ကိုစောစောသွားတယ်။

"မားကလည်း.၇.ခွဲဘဲရှိသေးတယ်လေ"

"မားကအပ်ထည်တွေစစ်ကမှာသားရဲ့..ဒါ့ကြောင့်"
ပြောသာပြောတာ မားကအိမ်ရှေ့ရောက်နေပြီ။

"ပြီးရော...ညနေစောစောပြန်ခဲ့"
မားခါးလေးကိုဖက်ပြီးချွဲရင်းပြော
လိုက်တယ်။

"ဟုတ်ပါပြီအချွဲလေးရယ်...အရင်လဲလေးနာရီဆိုအိမ်ရောက်ပြီဘဲ။"

"မားကလည်း....အဲ့ထက်စောပြန်ခဲ့"
နှုတ်ခမ်းထော်ပြီးပြောနေတဲ့သားငယ်လေး...သူ့သူငယ်ချင်းနယ်ပြန်တော့ပျင်းနေရှာတာ။

"ဟုတ်ပါပြီရှင်"
မားရဲ့ကားထွက်သွားတဲ့ထိရပ်ကြည့်နေမိတယ်...ဝက်မမရှိတော့ပျင်းလိုက်တာ။အဲ့တော့....ဖုန်းဆက်ပြီး
မွှေကမယ်။ဖုန်းဆိုမှအခန်းထဲမှာကျန်ခဲ့တာပဲ။သွားယူပြီးအောက်ပြန်ဆင်းခဲ့ရမယ်။

အားသွင်းကြိုးဖြုတ်ပြီးဖုန်းဖွင့် လိုက်တော့မက်ဆေ့တွေဝင်နေတာတွေ့တယ်။ဟိုလူကြီးဆီက.....

"မောနင်းကောင်လေး"

"ဒီနေ့ Milk Tea အပြင်ပန်းစည်းနဲ့ အရုပ်လေးပါထည့်ပေးလိုက်တယ်နော်။ကိုယ်လို့မှတ်ပြီး ညတိုင်းဘေးမှာထားအိပ်နော်။"

အားးးဒီလူကြီးအရှက်မရှိသရက်စိပဲပြောရဲလိုက်တာ။ကိုယ့်အကြိုက်လဲတော်တော်သိတယ်။

"ကြာပေါ့....ရူးနေလား..ဘာတွေလျောက်ပြောနေတာလဲ။"လို့ပို့လိုက်တော့...ချက်ချင်းစာပြန်တယ်။

"ချစ်လို့လေ"

ဖက်.....တည့်ကြီးအရှက်ကိုမရှိဘူး။
________________________________________________________________________

💞 I love Being Yours💞 ( complete )Onde histórias criam vida. Descubra agora