15😍Unicode
ဒီနေ့ဝက်မနဲ့အပြင်သွားဖို့ချိန်းထားတယ်။ဝက်မနယ်ပြန်လို့ ကိုယ့်မှာ အိမ်တွင်းအောင်နေကတာ ကြာနေပြီး။တစ်နေ့တစ်နေ့ပျင်းနေတာ ဟိုလူကြီး ရှိလို့တော်သေး သူ့ကိုတစ်နေ့တစ်မျိုးမရိုးရအောင်ရစ်ရတာ အပျင်းကိုပြေလို့။
တစ်နေ့တစ်မျိုးမရိုးရအောင် ဂုန်းဆင်းပြီးမှာစားကတာလဲ ဝက်ဖြစ်ပြီး။သူ့လုပ်လို့ကိုယ်လဲအချိုးတွေပြောင်းနေတာ အိမ်ကချက်တာကို ချေးများတက်နေပြီး။ကိုယ့်ဗိုက်လေး ကိုယ့်ကြည့်မိတော့ မဆိုစလောက်လေး ပူနေလေရဲ့။မဖြစ်ဘူး ဝိတ်လျော့ကမယ်။ကြာရင် ဖိုးဝတုတ်ဖြစ်တော့မယ်။
"ဟဲ့မပြီးနိုင်သေးဘူးလားဟ...
ဂယ်ဘဲ။"
အသဲပြဲကြီးနဲ့အခန်းထဲဝင်လာတဲ့ဝက်မ။"ဘယ်လိုဖြစ်နေတာလဲ...ပြီးပြီ။"
နှုတ်ခမ်းထော်ပြီးရန်ပြန်တွေ့နေတဲ့ အုတ်ခဲကောင်။T Shirtအဖြူရောင်ကိုဂျင်းဘောင်းဘီအပြာကလေးနဲ့ဝတ်ထားပြီးဆံပင်အုပ်အုပ်လေးရှေ့ချထားကာနှုတ်ခမ်းရဲရဲလေးနဲ့ချစ်ဖို့ကောင်း
နေတဲ့ကျွန်မသူငယ်ချင်း။အရင်တုန်းကအစစ်မတွေလက်ထဲရောက်မှာစိုးလို့ကာကွယ်နေရတာ။ခုတော့စိတ်ပူစရာမလိုတော့ဘူး....ဟိုလူကြီးကသူ့ကိုချစ်သူမဖြစ်သေးတာတောင်အရမ်းဂရုစိုက်တယ်။"ဟဲ့ဗိုင်းနာဝက်မ...ကြောင်တောင်တောင်နဲ့ရပ်မနေနဲ့သွားမယ်။"
ကိုယ့်ကြည့်ပြီးငူငူကြီးရပ်နေတဲ့ဝက်မ။"အော်..အေးအေး။ဒါနဲ့အန်တီလဲမတွေ့ဘူးနော်ဆိုင်သွားပြီလား။"
"အင်း...အခုတလောအဝင်ထည်တွေရှိလို့လေ။"
"အော်.......။"
နှစ်ယောက်သားအောက်ဆင်းလာခဲ့သည်။မီးဖိုချောင်းထဲဝင်ပြီး..."အန်တီတင်ရေ သားနေ့လည်စာအပြင်မှာစားမှာနော်"
"ဟုက်ပြီးသားလေး ညနေစာတော့စားမှာမှတ်လား"
"ဟုက်"
"သမီးလဲဒီမှာပဲစားမှာနော်"
"ငက်ကြီးနာမ အိမ်မရှိတာကျနေတာပဲ"
"ဘာဖြစ်လဲ"
တွတ်ထိုးသွားရင်းနှစ်ယောက်သား ကားရှိရာထွက်လာလိုက်သည်။အန်တီတင်က ခေါင်းရမ်းပြီး ရယ်နေသည်။
ဝက်မက ကားမောင်းပေါ့။ကိုယ်ကခုထိကားမမောင်းရဲသေးဘူး။အတိတ်ဆိုးရှိတာကိုး။
أنت تقرأ
💞 I love Being Yours💞 ( complete )
عاطفيةUnicode ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယောက်ထဲအတွက်ပဲ.... ဇွန်ထက်ပိုင် Zawgi ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယော...