[Unicode]
ဗီလိန်တဲ့လား.....
ဘယ်သူတွေကရော....ဗီလိန်ဖြစ်ချင်မှာတဲ့လဲ....
ကိုယ် ချစ်မိတဲ့ လူအတွက် ကိုယ်ကတာ အဓိကဇာတ်ကောင် ဖြစ်နိုင်ဖို့..ကြံစည်ရင်း..
အမှားတွေလုပ်မိတဲ့အခါ.....
ကိုယ်တိုင်တောင် မသိလိုက်ပဲ....
ဗီလိန်တစ်ယောက်ဖြစ်လာခဲ့တယ်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောင်းကင်ထက်ဆီမှ မိုးခြိမ်းသံတွေ ဆူညံနေတဲ့အသံကို အခွင့်ကောင်းယူ၍ အိမ်ကြီးတစ်အိမ်၏ အခန်းငယ် တစ်ခု၌ လူငယ်တစ်ယောက်ပေါက်ကွဲနေလေသည်။"ဘာလို့လဲ.!!...ကိုကို
ဘာလို့လဲ....... ကျွန်တော်..ခင်များကိုချစ်မိတာ..အပြစ်တစ်ခုဖြစ်နေတာလား..!!..လူတွေက.ဘာလို့ကျွန်တော့်ကိုပဲ...အပြစ်ဖို့နေကြတာလဲ..ကိုကိုကရော..ဘာလို့ ကျွန်တော်အတွက်...မကြည့်ခဲ့ရတာလဲ..!!!!"ထိုကောင်လေးသည် အခန်းအတွင်းရှိ ခွက်များ၊စားပွဲခုံများကို ထုရိုက်ခွဲကာ အော်ဟစ်နေသောလဲ အခန်းအပြင်ရှိ လူများမှာ အခန်းအတွင်းသို့ ဝင်၍ မဆွဲရဲပေ။သခင်လေးကို...ဒီတိုင်း လွှတ်ထားတာက အကောင်းဆုံးပင် မဟုတ်ရင်ဒီထက်ဆိုးလာမှာ....
"အကိုယွီပင်း....."
"အင်း....ဖန်ရှင်း"
"သခင်လေး.....ဒီလိုမပေါက်ကွဲတာကြာလှပြီ။ဘာလို့အခုမှ...အရင်လိုပြန်ဖြစ်လာတာလဲ"
"အင်း.....ဒီနေ့က အစ်ကိုရှောင်မဂ်လာဆောင်တဲ့နေ့"
"ဗျာ....အကိုရှောင် မဂ်လာဆောင်နေ့"
"ဟုတ်တယ်.....ဒါကြောင့်သခင်လေးပေါက်ကွဲနေတာပေါ့"ထိုအချိန် အခန်းအတွင်းမှ ကောင်ငယ်လေးသည် မိမိအရှေ့၌ ရှိသော မဂ်လာဆောင်ဖိတ်စာအား မီးရိူ့၍
"ဟား....ဟား....ဟား
မရဘူး....ကိုကို။ခင်များ...ဒီလိုကျွန်တော့်ဘေးက ရှောင်ခွာသွားလို့မရဘူး....ခင်များက ကျွန်တော့်အပိုင်....ကျွန်တော့်အပိုင်ကို.....ဘယ်သူ့လက်ထဲမှ အပါမခံနိုင်ဘူး...ကိုကို အခုပျော်ထား.....ကျွန်တော်ပြန်လာတဲ့အချိန်ကြရင်...ခင်များက..ကျွန်တော့်အတွက်ပဲ"ယွီပင်းတို့ တပည့်တစ်စု အခန်းအတွင်း၌ သခင် လေးအသံတိတ်သွား၍ တံခါး နားကပ်ကာ နားစွင့်နေလိုက်သည်။
"ယွီပင်း..... !!!"
တံခါး နားကပ်ကာနားထောင်နေသော ယွီပင်း လန့်သွားသည်။
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ