[Unicode]
ကိုကိုနူတ်ခမ်းလေးတွေက...
အရမ်းချိုတာပဲ..ကျွန်တော့်ကတော့
ကိုကို့နူတ်ခမ်းလေးကို...
အမြဲတမ်းငုံ့ထားချင်တယ်....
~~~~~~~~~~~~~~~~~~~~~~~~~~
**Light Restaurant**"ရှင်...ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ..ဦး၀မ်လျှိုကျောင်..ဟိုဘက်က ..ဘာမှမဖြစ်သေးဘူးနော်.."
"ငါသိပါတယ်...*တောက်*...အဆင်ပြေခါနီးမှ..ချန်မင်းက ဘယ်ကပါလာတာလဲမသိဘူး..."
"ပါလာလဲ..ရှင်းပစ်လိုက်လေ...ရှင် အဲ့လောက်ကတော့ လုပ်နိုင်ပါတယ်..."
"မရလို့ပေါ့ကွ...ချန်မင်း ဆိုတာက မထိသင့်တဲ့ လူစားထဲမှာပါတယ်...အရင်တုန်းကလဲ..စီးပွားရေးမှာ...ကျားတစ်ကောင်..အခုထိ သူ့ဂုဏ်သတင်းက..မလျှော့သေးဘူး.."
"ဟင်း...ဟင်း...ရှင် ကြောက်နေပြီလား..ဦး ၀မ်လျှိုကျောင်..."
"ဘယ်မှာလဲ...ငါ မကြောက်ပါဘူး.."
"ဟင်း..ဟင်း..ဟုတ်ပါပြီ..ကျွန်မ ငွေ လိုနေလို့.. bank accountထဲ..၅၀ လောက် လွဲေပးပါအုန်း."
"ဟာ...အရင်လက..ငါ လွှဲပေးပြီးသားလေ..ကုန်ပြီလား.."
"ဪ..၅၀ ထဲကို..တစ်လလုံး သုံးရတာ..များတယ်များ ထင်နေလား...မပေးချင်လဲရတယ်နော်..ကျွန်မက ကိစ္စမရှိဘူး.."
မိန်လဲ့ မိမိအရှေ့ရှိ ဦး၀မ်လျှိုကျောင်အား မဲ့ပြုံးပြုံးပြကာ စားပွဲပေါ်သို့ USB ကို ချပြလိုက်သည်။ထိုUSB ထဲမှာ ဦး၀မ်လျှိုကျောင်ရဲ့ တရားမ၀င် ငွေမဲ စာရင်းတွေပါလေသည်။မိမိလက်ထဲ ဒီUSB ကအမှတ်မထင် ရောက်လာခဲ့ပေမဲ့ တော်တော် အသုံး၀င်လေသည်။
၀မ်လျှိုကျောင် မိန်လဲ့ ပြသော USB ကို တစ်ချက်ကြည့်ရင်း ကျွတ်တစ်ချက် စုပ်မိသည်။ထိုမိန်းမ အဲ့တာနဲ့ ပဲ အမြဲကိုင်ပေါက်နေတယ်...မိမိရဲ့ တရားမ၀င် ငွေမဲစာရင်းက ဒီမိန်းမဆီ ဘယ်လိုရောက်သွားမှန်းမသိ...
"ok..ok .ညနေကြလွှဲပေးလိုက်မယ်"
"ဟုတ်ပါပြီရှင့်...ခွင့်ပြုပါအုန်း..မအားသေးလိူ့.."
မိန်လဲ့ ထိုဆိုင်ထဲမှ ထွက်လာခဲ့သည်။မကောင်းတာလုပ်နေတဲ့ လူအတွက် သူ့အားနည်းချက်က့ မိမိအတွက်တော့ အားသာချက်ပင်။
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ