part-22

323 14 0
                                    

[Unicode]
ရှောင်းကျန့် project အကြောင်းတင်ပြဆွေးနွေးရင်း meeting က နေ့လည်(၁၂)နာရီ ဖြစ်သွားသည်။

ရှန်လင်း  project အကြောင်းကို ရှင်းပြသွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ပြုံးမိသည်။ရှောင်းကျန့်က ဒီလိုဆိုတော့လဲ တော်သားပဲ ဘယ်ဆိုးလို့လဲ။

ရိပေါ် project အကြောင်း ရှင်းပြနေသည့် ကိုကို့မျက်နှာကို တစေ့စေ့ထိုင်ကြည့်နေလိုက်သည်။ကိုကိုက ဘယ်လိုနေနေချစ်ဖို့ကောင်းနေတာကိုတော့ လက်ခံသည်။ရိပေါ်  ကိုကို ကိုငေးနေရင်း mettingခန်းထဲသို့ ဘာရယ်မဟုတ် မျက်လုံးဝေ့ကြည့်လိုက်တော့ ကိုကိုအား ကြည့်ပြီး ပြုံးနေတဲ့ ရှန်CEO ဆိုတဲ့ လူကြောင့် စိတ်ရူပ်သွားသည်။ဘာလို့ ကိုကို့ကို အဲ့လောက်တောင် စိုက်ကြည့်ပြီး ပြုံးနေတာလဲ။ထိုလူအနား အရမ်းမကပ်ဖို့ ကိုကို့ကို မှာထားအုန်းမှပါ။

metting လုပ်ရင်း နေ့လည်စာ စားချိန်ရောက်နေပြီဖြစ်သောကြောင့် ရှောင်းကျန့် meetingကိုရပ်ဖို့ပြင်သည်။project နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလဲ စုံသွားပြီလေ။

"ကျွန်တော်ရှင်းပြသွားတဲ့... project ကို စိတ်တိုင်းကျရဲ့လား..တစ်ခုခုများ စိတ်တိုင်းမကျရင်ပြောနိုင်ပါတယ်.."

"Mr.Xiao...ရှင်းပြသွားတာ အကုန်ပြည့်စုံပါတယ်..ကျွန်တော်ပြောတာ ဟုတ်တယ်မလား.."

ရှန်လင်း  ရှောင်းကျန့်အား ချီးကျူးရင်း ရှယ်ယာရှင်တွေဘက် ကြည့်ကာ မေးလိုက်တော့ ရှယ်ယာရှင်တွေအားလုံးက သဘောတူကြောင်း ခေါင်းငြိမ့်ကာ ထောက်ခံလေသည်။

ရှောင်းကျန့်လဲ ရှယ်ယာရှင်တွေက အကုန်ထောက်ခံသောကြောင့်

"ဒါဆို... Projectကို နောက်တစ်လမှ စကြတာပေါ့ဗျာ...အခုတော့ နေ့လည်စာစားချိန် နီးကပ်နေပြီမို့.. meeting ပြီးပါပြီ.."

ရှောင်းကျန့်  meeting ပြီးပြီဟု ပြောလိုက်သည်နှင့် အစည်းအဝေးခန်းထဲမှ ရှယ်ယာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြရာ meetingခန်းထဲ၌ ရှောင်းကျန့်၊ရှန်လင်း၊ရိပေါ် တို့သုံးယောက်ပဲ ကျန်ခဲ့သည်။

ရိပေါ်  အစည်းအဝေးခန်းထဲမှ ရှယ်ယာရှင်တွေ ကုန်သွားသည်နှင့် ကိုကို့ဘေးနားသို့ သွားကာ

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now