Part-10

589 27 0
                                    

[Unicode]
ဟွားမေ့ ဧည့်ခန်းထဲ၌ ထိုင်နေစဉ် အိမ်ထဲသို့ ဝုန်းဒိုင်းကြဲကာ ၀င်လာသော သားကြောင့်

"ရိပေါ်...သားဘာဖြစ်လာတာလဲ.."

ရိပေါ် ကိုကိုကြောင့် ဒေါသထွက်ကာ အိမ်သို့ပြန်လာချိန် ဧည့်ခန်း၌ ထိုင်နေသော မားမား‌ကိုတွေ့၍ ဒေါသပိုထွက်လာသည်။

"မားမား....ဒီနေ့ကိုကိုနဲ့‌ေ‌တွ့ခဲ့တယ် မဟုတ်လား.."

"ဘယ်သူပြောလဲ...မတွေ့ခဲ့ပါဘူး.."

"မလိမ်နဲ့မားမား...ကိုကို့ကို ဘာတွေသွားပြောလိုက်တာလဲ။"

"မတွေ့ခဲ့ပါဘူးဆို..မားမားက ဘာပြောခဲ့ရမှာလဲ.."

"ကျွန်တော်..သတင်းအသိအကျရထားတာ..မားမား china ကိုဘာလို့ပြန်လာတာလဲဆိုတာကိုလဲ..ကျွန်တော်သိတယ်....ဘာလို့လဲမား....ဘာလို့ကျွန်တော့်ဘ၀ကို ၀င်စွက်ဖတ်ချင်နေရတာလဲ။ကျွန်တော့်ကိုယ့်ဘ၀နဲ့..ကိုယ်နေပါရစေ..."

"ရိပေါ်..သား..ဘာတွေပြောနေတာလဲ"

"ကျွန်တော့်အတွက်ကိုကိုပဲ လိုအပ်တာ...ကျွန်တော့်ကို..မားမားတို့ထားခဲ့တဲ့အချိန်မှာ..ကျွန်တော့်ဘေးနားမှာ.ကိုကိုတစ်ယောက်ပဲရှိခဲ့တာ..ကျွန်တော့်ကို  ကိုကိုကပဲနှစ်သိမ့်ပေးခဲ့တာ..ကျွန်တော်မားမားတို့ကို အလိုမရှိဘူး..."

ဟွားမေ့  ဒေါသထွက်လာသည်။မိမိကတော့ သူ့ဘ၀အတွက်စဉ်းစားပေးထားရတာ ဒါကို မိမိကို အလိုမရှိဘူးတဲ့လား။

"သားရိပေါ်...ဘာလို့အဲ့လိုတွေပြောနေတာလဲ။ငါက..မင်းအမေပါ..အမေတစ်ယောက်အနေနဲ့ ကိုယ့်သားသမီး လမ်းမှားမရောက်အောင် ထိန်းကျောင်းပေးရမှာ...တာ၀န်ပဲ.!!"

ရ‌ိပေါ် မားမားရဲ့စကားကြောင့် ရယ်လိုက်မိသည်။အခုမှ အမေတဲ့လား

"ဟား...ဟား...အမေဟုတ်လား...ဟား..ဟား..သားနဲ့အတူနေပါ..ထွက်မသွားပါနဲ့တားတုန်းကကြ..တစ်ချက်မှတောင် လှည့်မကြည့်ခဲ့တဲ့လူက ..အခုမှ ကျွန်တော့်ကို သားအဖြစ်သတ်မှတ်နေတာတဲ့လား..ဟား. ဟား..."

"ရိပေါ်..!!!"

"တော်ပြီမား...ကျွန်တော့်  ကိုကို့ကို..ရအောင်ယူမှာ...ကိုကို့အချစ်ရော၊ကို့ကိုကို ရော...ဒါကြောင့် မားကြားထဲကနေ...၀င်မပါပါနဲ့...ခွင့်ပြုပါအုန်း.."

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now