part-4

815 38 0
                                    

[Unicode]
ကိုကို့ကို ကာကွယ်ဖို့က
ကျွန်တော့်တာ၀န်......
ကိုကို့ အချစ်ကို ပိုင်ဆိုင်နိုင်ဖို့ကလဲ
ကျွန်တော့်တာ၀န်.....

~~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် မနေ့က မိန်လဲ့နဲ့ လျှောက်လည်ရသော်လဲ မပျော်ချေ။လောင်ဝမ် စိတ်ဆိုးသွားတယ်ထင်သည်။ထို့ကြောင့် မနက်စောစောထကာ လောင်ဝမ်အိမ်သို့ ထွက်လာခဲ့သည်။

"ဖန်းရှင်း.....မင်း သခင်လေးရော"

"သခင်လေးက.....အိပ်နေတုန်းထင်တယ်...အကိုရှောင်း...အကိုယွီပင်း ကိုမေးပေးမယ်"

"အင်း.....ငါဧည့်ခန်းထဲစောင့်နေမယ်"

ရှောင်းကျန့် လောင်ဝမ်ကို ဧည့်ခန်းထဲ၌ ထိုင်စောင့်နေလိုက်သည်။မနေ့က...တကယ်စိတ်ဆိုးသွားတာ ဟုတ်/မဟုတ်ကို မေးရမည်။မိမိ ကိုယ်တိုင်ဘာဖြစ်နေမှန်းမသိ လောင်ဝမ် မျက်နှာညှိုးတာနဲ့ကို မိမိမနေတတ်ပေ။အင်း..ညီအစ်ကိုလိုချစ်ရတဲ့ ညီလေးမို့နေမှာပါ။

ဖန်းရှင်း  အကိုယွီပင်းအား ရှာရင်း အပေါ်ထပ်၌ ရှိလောက်မည်ထင်၍ တက်လာခဲ့သည်။

"အကိုယွီပင်း...... သခင်လေးနိုးပြီးလား"

"မနိုးသေးဘူး.....ဘာလို့လဲ "

"အောက်မှာ.....အကိုရှောင်းရောက်နေတယ်"

"တကယ်လား....အဲ့တာဆို မင်း ဝင်နိူးလိုက်ဖန်းရှင်း.."

"ဝင်...မနိူးရဲပါဘူး။သခင်လေးက..သူအိပ်ရေးမဝပဲ လာနိူးရင်..စိတ်ဆိုးတတ်တာသိရဲ့သားနဲ့"


ဝမ်ရိပေါ်  ညက ငိုရတာမ​ျားသွား၍ မျက်လုံးများဖောင်းအစ်ကာ မဖွင့်နိုင်ဖြစ်နေ၍ ကုတင်ပေါ်၌ ဟိုလှိမ့်၊ဒီလှိမ့်လုပ်နေတုန်း အပြင်ဘက်မှ အသံများကြားနေရ၍

"ယွီပင်း..!!"

ယွီပင်း  ဖန်းရှင်းနှင့် သခင်လေးအား သူနိူး၊ငါ နိူးနဲ့ တိုင်ပတ်နေချိန် အိပ်ခန်းထဲမှ သခင်လေးခေါ်သံ ကြား၍

"ဗျာ....သခင်လေး"

"အပြင်မှာ.....ဘယ်သူနဲ့စကားပြောနေတာလဲ။တိုးတိုးနဲ့"

"ဖန်းရှင်း နဲ့ပါ...သခင်လေး"

"ငါ့ကို.....ပြောစရာရှိလို့လား"

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now