[Unicode]
ဘာလို့ခံစားချက်တွေကို...
ဖုံးကွယ်နေလဲကိုကို..
ကိုကို့အချစ်တွေ...
ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြပါ....
~~~~~~~~~~~~~~
ရှောင်းကျန့် ရိပေါ်အမေ ကတွေ့ချင်တယ်ဟူ၍ချိန်းထားသောဆိုင်၌ ထိုင်ကာစောင့်နေလိုက်သည်။ထိုအချိန်"သားရှောင်းကျန့်....ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး....ကျွန်တော်လဲအခုမှရောက်တာပါ"
ဟွားမေ့ ရှောင်းကျန့်အရှေ့ရှိ ထိုင်ခုံ၌ ၀င်ထိုင်ကာ စားပွဲထိုးအား coffeeတစ်ခွက်အရင်မှာလိုက်သည်။
"သားကို...အန်တီဘာလို့တွေ့ချင်တာလဲသိလား"
"မသိ...မသိပါဘူးအန်တီ"
"အန်တီတစ်ခုမေးမယ်.."
"ဟုတ်..အန်တီ"
"မိဘတိုင်းက....သူ့သားသမီးကို အမြင့်ရောက်ဖို့မှန်းကြတာ..သဘာ၀မဟုတ်လား.."
"ဟုတ်ပါတယ်....အန်တီ"
"အန်တီကလဲ....အန်တီသားရိပေါ်ကို...အောင်မြင်ကျော်ကြားစေချင်တယ်...သူ့ဘ၀လေးကို ပုံမှန်အိမ်ထောင်သည်ဘ၀လေးဖြစ်ေစချင်တယ်..."
ရှောင်းကျန့် ရိပေါ့်အမေ ပြောသမျှကို နားထောင်ရင်း စိတ်က ပို၀မ်းနည်းလာတယ်။ဟုတ်တာပေါ့..မိမိအတွေးတိမ်သွားတယ်...လောင်၀မ်မှာ ရှေ့ဆက်ပြီးကျော်ကြားနိုင်တဲ့ တက်လမ်းတွေရှိသေးတယ်။မိမိ နဲ့သာ ချစ်သူဖြစ်ခဲ့ရင် လောင်၀မ်ဘ၀က..လူအများရဲ့ဝေဖန်မူတွေနဲ့ ရှေးဆက်ရမှာ။
ဟွားမေ့ အရှေ့ကရှောင်းကျန့်ဆိုတဲ့ ကောင်လေးကို ကြည့်ကာ စိတ်မကောင်းပေ။ထိုကောင်လေးကို.မိမိခင်ပါသည်၊သား နဲ့ မိမိကြားကို ပြေလည်အောင် ငြှိပေးခဲ့တယ်၊သား အပေါ်လဲ တကယ်ခင်ခဲ့တယ်၊အရမ်းလဲ..စိတ်ရှည်တယ်။ဒါမဲ့..သူငယ်ချင်းအနေနဲ့ဆိုမိမိ ဘက်က လက်မခံနိုင်စရာ အကြောင်းမရှိ၊သားရဲ့ ချစ်သူအနေနဲ့ဆိုရင်တော့..လက်မခံနိုင်ပေ။
သားကို..မိမိ အရမ်းမျှော်လင့်ထားသည်။သားအတွက်..အရာအားလုံးပြည့်စုံဖို့ မိမိမျှော်မှန်းထား
တာ။သား...အတွက်သင့်တော်မဲ့..အိမ်ထောင်ဘက်တောင်ရှာထားပြီးပြီ။ကိုယ့်သားသမီးကို ...အမြင့်ရောက်အောင် မျှော်လင့်ထားကျတာ မိဘတိုင်းရဲ့အတ္တတစ်ခု
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ