part-7

548 26 0
                                    

[Unicode]
အချစ်ခရီးလမ်းက....
မစခင်ထဲက.ရူံးနိမ့်နေပြီလား...
မကြောက်ပါနဲ့ကိုကို....
ကျွန်တော်က..အရှေ့ကနေမားမားရပ်ကာ
ကာကွယ်စောင့်ရှောက်ပေးပါ့မယ်။
*****************************
အခုဆိုရင်   ရိပေါ် စာမေးပွဲဖြေပြီးလို့ ကိုကိုcompanyမှာ  အလုပ်သင်အဖြစ်ဆင်းနေပြီ။ကိုကိုက  မိမိကို သူနဲ့ ရုံးခန်းတစ်ခုထဲ အတူတူအလုပ်လုပ်စေပြီး၊ကိုကိုကိုယ်တိုင်..မိမိသိသင့်သည်များကို သင်ပြလေသည်။ကိုကိုနဲ့..ရုံးခန်းတစ်ခုထဲ လုပ်ရတော့ မိမိအကြိုက်ပဲပေါ့ အလုပ်ကလေး လုပ်လိုက်၊ကိုကို့ကို...ငမ်းလိုက်နဲ့ ဟန်ကိုကျနေတာပဲ။အခုလဲ..ကိုကိုအလုပ်လုပ်တာကို..ထိုင်ကြည့်နေသည်။

ရှောင်းကျန့်  အလုပ်လုပ်နေရသောလဲ  အလုပ်ထဲစိတ်မရောက်ပေ။‌ေလာင်၀မ်အား..ခိုးခိုးကြည့်နေရသည်။ဒီလို..တစ်ရုံးခန်းထဲ အတူတူသုံးရင် ..မိမိ ရိပေါ်ကိုချစ်နေမှန်း..ပိုသိလာလေပင်။အလုပ်လုပ်လိုက် လောင်၀မ်ကို ခိုးကြည့်လိုက်နဲ့ ဟုတ်နေတာပဲ။တစ်ခါတစ်ခါ လောင်၀မ်နဲ့ အကြည့်ချင်းဆုံသွားရင် ကိုယ့်မှာ ရှက်ရမ်းရမ်းပြီ စစ်ပြီးသား စာရင်းတွေ ပြန်စစ်လို စစ်နဲ့ ဘာလုပ်လို့..ဘာကိုင်ရမှန်း မသိဖြစ်နေသည်။

နေ့လည်၁၂နာရီ

****************

ရှောင်းကျန့်    စာရင်းတွေကို စစ်စရာရှိတာစစ်ပြီးလက်မှတ်ထိုးပြီးသည်နှင့် အချိန်ကိုကြည့်လိုက်တော့ ထမင်းစားချိန်တောင်ရောက်နေပြီ။(လောင်၀မ်တော့....ဗိုက်ဆာနေတော့မှာပဲ)

လောင်၀မ်ရဲ့ အလုပ်စားပွဲကို ကြည့်လိုက်တော့ မိမိလုပ်ခိုင်းထားသော စာရင်းတွေကို ကြိုးကြိုးစားစားလုပ်နေသော လောင်၀မ်။ဒီကလေးက အတတ်မြန်သည်...သိပ်သင်စရာမလိုပဲ ..ခဏလေးနဲ့ လုပ်တတ်သည်။ထို့ကြောင့်...အခုဆိုရင် စာရင်းတွေကို ကူတောင်စစ်ပေးနိုင်နေပြီ။

"လောင်၀မ်....အဲ့စာရင်းက ပြီးမှစစ်‌။နေ့လည်စာ...သွားစားရအောင်"

"ခဏလေး...ကိုကို။ကျွန်တော်ပြီးတော့မယ်..."

"ထားခဲ့လိုက်တော့ပါဆို....မလိုက်ဖူးလား။"

ရိပေါ်  စာရင်းစစ်နေရင်း ကိုကို့ကို လှမ်းကြည့်လိုက်တော့...မျက်နှာက သူစိတ်ဆိုးနေကြောင်းသိအောင်...နူတ်ခမ်းက စူထားသည်။ကိုကို နဲ့ အလုပ်အတူတူလုပ်ရင်း ပိုသိလာရတာက ကိုကိုက...ကလေးဆန်တာကိုပဲ...သူလုပ်ချင်တာ..မလုပ်ရရင် နူတ်ခမ်းက.ဆူလာတာ။

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now