part-2

1.1K 50 0
                                    

[Unicode]
ကိုယ်တို့နှစ်ယောက် ဝေးကွာခဲ့ခြင်းက....
ဘယ်သူ့ကို..သွားအပြစ်တင်ရမလဲ....
ပစ်ခွာသွားတဲ့လူကိုလား......
နောက်ဆုံး မပေါင်းဖက်ရမှန်းသိရက်နဲ့....
ဆုံဆည်းစေခဲ့တဲ့ ကံကြမ္မာကိုလား.......

~~~~~~~~~~~~~~~~~~~
International Airport
×××××××××××××××××
ဝမ်ရိပေါ်  လေယာဉ် ပေါ်မတက်ခင် အနောက်သို့ တစ်ချက်လှမ်းကြည့်မိသည်။ကိုကို များရောက်လာလေမလားဆိုးတဲ့ စိတ်လေးတစ်ခုနဲ့ပေါ့။ရောက်မလာခဲ့ပါဘူး....ကိုကိုကအခုချိန်ဆို ဟန်းနီးမွန်းမှာ ပျော်နေမှာလေ။ဝမ်ရိပေါ် နောက်သို့လှည့်မကြည့်တော့ပဲ လေယာဉ် ပေါ် သို့ တက်ခဲ့လိုက်သည်။

လေယာဉ် ပေါ် သို့တက်သွားသော ကောင်လေးကို မျက်ရည်များကျနေသော မျက်ဝန်းတစ်စုံက အကွယ်တစ်နေရာကနေ ငေးကြည့်ခဲ့သည်ဆိုတာကိုတော့ လေယာဉ် ပေါ်တက်သွားသော ကောင်လေး မသိခဲ့ပါဘူး။

ဝမ်ရီပေါ် လေယာဉ် ပေါ် သို့ရောက်သည်နှင့် မိမိ​​​ေန ရာ၌ ထိုင်ကာ.မိမိတို့အား အခုလိုခွဲခွာရမယ်ရမှန်းသိရဲ့ နဲ့ ဆုံဆည်းစေခဲ့သော ကံကြမ္မာအား မေးလိုက်ချင်သည်။ဘာလို့များ..ကိုကိုနဲ့ ဒီလိုခွဲခွာရမယ်မှန်းသိရင် ဘာလို့တွေ့ဆုံစေခဲ့လို့ပေါ့။

ကွဲကွာခဲ့ကြသော ဤလူသားနှစ်လုံး စတင်တွေ့ဆုံချိန်

Flaskblackstart
××××××××××××××
ကောင်းကင်ယံ ထက်ဆီမှ မိုးရေစက်များသည် မြေပြင်ပေါ် သို့ အငြိုးကြီးစွာ ရွာချနေသကဲ့သို့ ပြင်းထန်လှသည်။ခြံကြီးတစ်ခြံ၏ အိမ်ထဲ၌ အသက် 19နှစ်အရွယ် လူငယ်လေးနှင့် သူ့အမေတို့စကားများနေကြသည်။

"မား...ဘာလို့လဲ။ကျွန်တော်က...မားရဲ့သား မဟုတ်ဘူးလား။ဘာလို့.....ကျွန်တော့်ကို တစ်ယောက်ထဲထားခဲ့ပြီး.. နိုင်ငံခြားကို သွားမှာလဲ"
"ဝမ်ရီပေါ်... ငါ့ကိုမရစ်စမ်းနဲ့။ငါအခု...စိတ်ရူပ်နေတယ်"
"မား...ကျွန်တော်ကိုမချစ်ဘူးလားဟင်။ကျွန်တော်တောင်းပန်ပါတယ်...ဟင့်....ဟင့်။သားကို. ..ဒီမှာတစ်ယောက်ထဲထားခဲ့ပြီ....နိုင်ငံခြားကို မသွားပါနဲ့ နော်.."
"မားသွားခါနီး.....စိတ်မကောင်းအောင်မလုပ်ပါနဲ့သားရယ်......နိုင်ငံခြားအလုပ်သွားလုပ်မှာက......မင်းအတွက်လေ။မင်းအတွက်...ပိုက်ဆံပိုရှာနိုင်ဖို့"

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now