[Unicode]
ကိုကို့အပေါ်..ကျရောက်လာမဲ့
အန္တာရာယ်မှန်သမျှကို..ကျွန်တော်က
ကာကွယ်ပေးပါ့မယ်..~~~~~~~~~~~~~~~~~
ရှောင်းကျန့်နဲ့လောင်၀မ် တို့အခုဆို တစ်အိမ်ထဲအတူတူနေကြသည်။မနက်အိပ်ရာထရင် ချစ်ရသူနဲ့အတူတူနိုးထရတယ်..ညအိပ်ရင်လဲ ချစ်ရသူရင်ခွင်ထဲ ၀င်ကာ အိပ်ရသည်က တကယ်ကို ပျော်ရွှင်စရာအတိပင်..လောင်၀မ်က..လက်ထပ်ခွင့်တောင်းထားသောလဲ မိမိအခုလုပ်နေတဲ့ projectပြီးမှ လက်ထပ်မယ်ဟု ပြောလိုက်တော့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့သည်။အခုလဲ မိမိ အားတင်းကြပ်စွာ ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လောင်၀မ် မျက်နှာလေးအား ငေးမိသည်။လောင်၀မ်က တစ်နေ့တခြား ပိုပိုချောလာလို့ စိတ်မချနိုင်ပေ။ဒီမျက်ခုံး၊ဒီမျက်လုံး၊ဒီနှာခေါင်း၊ဒီနူတ်ခမ်းလေးတွေက မိမိ အပိုင်ဖြစ်ရတာကို ဂုဏ်ယူမိသည်။ရှောင်းကျန့် လောင်၀မ်နူတ်ခမ်းလေးအား မိမိနူတ်ခမ်းနှင့် ခပ်ဖွဖွထိကာ နမ်းလိုက်သည်။ထိုအချိန် မျက်လုံးဖွင့်လာသော လောင်၀မ်ကြောင့် ..
"လောင်၀မ်...နိူး.နိူးနေပြီလား.."
"နိူးပြီ..ကိုကို..ကျွန်တော့်ကို ခိုးနမ်းနေတာလား.."
"မနမ်း..နမ်းပါဘူး.."
"ကိုကို..လိမ်ပြန်ပြီ..နမ်းချင်လဲပြောပါ..ကျွန်တော်က.အနစ်နာခံပြီး အနမ်းခံပါ့မယ်.."
"မနမ်းပါဘူး..တော်ပြီ..မျက်နှာသစ်တော့မယ်.."
ရိပေါ် မိမိစလိုက်သောကြောင့် ရှက်ကာ ကုတင်ပေါ်ကနေ ပြေးဆင်းရန် ပြင်နေသော ကိုကို့ကို..ဆွဲဖက်ကာ မိမိအောက်သို့ ပို့လိုက်ပြီး..
"ကျွန်တော့်ကတော့..ကိုကို့နူတ်ခမ်းလေးတွေကို နမ်းချင်သေးတယ်..."
"လောင်..လောင်၀မ်..အလုပ်နောက်ကျနေမယ်..."
"တစ်ခါပဲ..ပေးနမ်းရင်..လွှတ်ပေးမယ်.."
"တကယ်လား..."
"တကယ်..ကတိပေးတယ်.."
"ပြီးတာပဲ...အကြာကြီးမရဘူးနော်..အလုပ်နောက်ကျနေမယ်.."
"ဟုတ်ကဲ့ပါဗျာ.."
ရှောင်းကျန့် လောင်၀မ်အနမ်းကို ခံယူရန် နူတ်ခမ်းကို အနည်းငယ်ဆူကာ မျက်လုံးပါ မှိတ်ထားလိုက်သည်။လောင်၀မ် အနမ်းကို ဘယ်လောက်ခံရခံရ ရှက်တာကတော့ အမြဲတမ်းပေ။
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ