part-6

613 29 0
                                    

[Unicode]
ဒီလူတစ်ယောက်ကို မိမိစိတ်ထဲမှာ
ရှိနေရင်(သို့မဟုတ်)ချစ်နေခဲ့ရင်
သ၀န်တိုတတ်ကြတယ်....
ကျွန်တော့်ကို     ကိုကိုက
သ၀န်တိုတယ်ဆိုတော့...ကိုကို
ကျွန်တော့်ကို ချစ်နေပြီလို့...
သတ်မှတ်ခွင့်ရှိမလား။
*************************
မိန်လဲ့  ၀မ်ရိပေါ်နဲ့ coffeeဆိုင်မှာ စကားပြောပြီးသည်နှင့် ဦး၀မ်လျှိုကျောင်ကိုဖုန်းလှမ်းဆက်လိုက်သည်။

"Hello...ဦး၀မ်လျှိုကျောင်"

"အင်း....ပြော"

"ကျွန်မ...ရှင့်နဲ့အခုလာတွေ့မယ်။အရေးတကြီး..ပြောစရာရှိလို့"

"ok....စောင့်နေမယ်"

၀မ်လျှိုကျောင်   မိန်လဲ့အား တွေ့မဲ့နေရာကို ချိန်းပြီးသည်နှင့်  ထိုနေရာသို့  ထွက်လာခဲ့သည်။မိန်လဲ့ဆိုတာ... xiao companyရဲ့ CEO xiao ကိုချဉ်းကပ်ခိုင်းပြီး သူ့‌စီးပွားရေးပျက်ဆီးအောင် လုပ်ချင်တာ။ထိုအချိန် ဆိုင်ထဲ မိန်လဲ့ ၀င်လာ၍

"မိန်လဲ့...ဒီမှာ" 

မိန်လဲ့  ဦး၀မ်လျှိုကျောင် အရှေ့၀င်ထိုင်လိုက်ကာ waiter အား ကော်ဖီမှာလိုက်သည်။

"မင်း....ငါနဲ့တွေ့ချင်တာဘာလို့လဲ"

"ဦး၀မ်လျှိုကျောင်...ကျွန်မရှောင်းကျန့်နား ဘာလို့ကပ်လဲဆိုတာကို...၀မ်ရိပေါ်သိနေတယ်ထင်တယ်" 

"ဘယ်သူ...မင်း ဘယ်သူလို့ပြောလိုက်တာ"


၀မ်လျှိုကျောင် မိန်လဲ့ ပြောနေသော နာမည်ကြောင့် နောက်တစ်ခါထပ်မေးမိသည်။

"၀မ်ရိပေါ်တဲ့....ရှောင်းကျန့်က ညီလေးလို သဘောထားတဲ့ကောင်လေး"

"၀မ်ရိပေါ်တဲ့လား..*ဟက်*"

မိမိရဲ့   သွေးတစ်စက်မှမပါတဲ့ အရင်မိန်းမရဲ့ သားဖြစ်နေတာကို၊မိမိတို့ ကိစ္စ ကို ဘာမှမဟုတ်တဲ့ အဲ့ကောင်လေးက ဘာလိုတားနိုင်မှာမို့လဲ။မိန်လဲ့  ဆို‌တဲ့ မိန်းမ တော်တော်ကြောက်တတ်တာပဲ။

#(သွေးတစ်စက်မှမရောဘူးဆိုတာ ၀မ်ရိပေါ်က ၀မ်းမားမားနဲ့သူနဲ့ ရတာမဟုတ်ပဲ၊၀မ်မားမားနဲ့ သူ့ငယ်ချစ်ဦးနဲ့ ရတဲ့ကလေးမှန်း သိနေလို့ပါ)#

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now